31 May, 2015

နတ်ပို့

ဧတ္တာဝတာစ အမှေဟိ၊ သမ္ဘတံ ပုညသမ္ပဒံ။
သဗ္ဗေဒေဝါ နုမောဒန္တု၊ သဗ္ဗသမ္ပတ္တိ သိဒ္ဓိယာ။
ဒါနံ ဒဒန္တု သဒ္ဓါယ၊ သီလံ ရက္ခန္တု သဗ္ဗဒါ။ 
ဘာဝနာ ဘိရတာ ဟောန္တု၊ ဂစ္ဆန္တု ဒေ၀တာ ဂတာ။

ဧတ္တာဝတာ စ-ဤမျှကြိုးကုတ် စွမ်းအားထုတ်၍ မယုတ်စေရ ပြုလုပ်ရသဖြင့်လည်း။
အမှေဟိ-ဘ၀ ၀ဋ်ကမ်း လွတ်ခွါသန်းဖို့ ကျွတ်တန်းပန်ဆု အကျွန်ုပ်တို့တစုသည်။ 
သမ္ဘတံ-ယခုအေးမှု နောင်တွေးရှုလျက် ဆည်းစုအပ်သော။
ပုညသမ္ပဒံ-အပေါင်းစုမြုပ် ကောင်းမှုထုပ်၍ မယုတ်မယွင်း ပြည့်စုံခြင်းကို။
သဗ္ဗေ-ရှိန်ဝါတောက်လင်း နောက်ပါသင်းနှင့် ခပင်းဥဿုံ အလုံးစုံကုန်သော။
ဒေ၀ါ-စကြာဝဠာသောင်းတိုက် ပေါင်းတ၀ိုက်မှ ဆိုက်ရောက်လာငြား ရှင်နတ်များလည်း။
အနုမောဒန္တု-ကြည်လင်မနော ဘ၀င်ဇောဖြင့် ရွှင်မောဝမ်းမြောက်နိုင်ကြပါစေကုန်သတည်း။

သဗ္ဗသမ္ပတ္တိ သိဒ္ဓိယာ ကံကြောင့်မျိုးမှန် အကျိုးခံဟု ရှေးကံနှီးရင်း ပြီးစီးခြင်းငှါ။
သဒ္ဓါယ ကံကြောင့်အကျိုး မထောင့်ညိုးဟု ဖြောင့်ရိုးစွဲကပ် အမြဲမှတ်သဖြင့်။
ဒါနံ နည်းသည် များသည် ခြားမရည်ဘဲ ရွှင်ကြည်လှုရိုး ဒါနမျိုးကို။
ဒဒန္တု သူတော်ရဟန်း ရည်မျှော်မှန်းလျက် လှူဒါန်းနိုင်ကြပါစေကုန်သတည်း။

သီလ-ပဉ္စ အဋ္ဌ ဒဿင်္ဂဟု ကိုယ်မှမချွတ် ကျင့်ခါးဝတ်ကို။
သဗ္ဗဒါ-အခါခပ်သိမ်း။
အနုရက္ခန္တု-မညှိုးမခြောက် မကျိုးပေါက်အောင် စောင့်ရှောက်နိုင်ကြပါစေကုန်သတည်း။

ဘာဝနာဘိရတာ-သမထ ၀ိပဿနာ လက်မကွာဘဲ ဆက်ကာနေ့ည အားထုတ်နိုင်ကြကုန်သည်။
ဟောန္တု ဖြစ်ကြပါစေကုန်သတည်း။

အာဂတာ-အများညီညာ တရားနာဖို့ ထားကာစွဲမှိတ် ခဲအကြိတ်ဖြင့် သိုက်မြိုက်စုဆုံ ရောက်ရှိလာကြကုန်သော။
ဒေ၀ါ-စကြာဝဠာသောင်းတိုက် ပေါင်းတ၀ိုက်မှ ရောက်ဆိုက်လာငြား ရှင်နတ်များသည်။ ဂစ္ဆန္တု တရားတော်ပွဲ ပြီးကုန်စဲ၍ မိမိတို့နေမြဲရပ်ဘုံ ပြန်ကြပါစေကုန်သတည်း။

No comments:

Post a Comment