အရှင်အာနန္ဒာ၏ လျောက်ထားချက်
************************
အရှင်အာနန္ဒာသည် မာတုဂါမများနှင့် စပ်၍ အဘယ်သို့ကျင့်ရပါမည်းနည်း? ။လျောက်သောအခါ-
" အာနန္ဒာ... မာတုဂါမကို မတွေ့မမြင်ရခြင်းသည် အကောင်းဆုံး အကျင့်ဖြစ်၏" ဟု ပထမ မိန့်တော်မူသည်။
" မိမိ၏ ပရိယတ်၊ပဋိပတ်တရား၌ စိတ်ဝင်စား၍ ကြိုးစားနေသော ရဟန်းမှာ မာတုဂါမကို မမြင်ရလျှင် လောဘစိတ်လည်းနည်း
စိတ်လှုပ်ရှားမှုလည်း မဖြစ်။မိမိ ပရိယတ်၊ပဋိပတ်တရား၌ သာ စိတ်ဝင်စား၍ နေသောကြောင့် မမြင်ရခြင်းကို ' အကောင်းဆုံး
အကျင့် ' ဟု ပထမ စည်းတားတော်မူသည်။"
( နဂိုကတည်းက မထိန်းဘဲ ကြံချင်ရာ ကြံနေသူအတွက် မမြင်ရသော်လည်း အကြောင်းအားဖြင့် သွားနေမည်ဖြစ်သောကြောင့်
မမြင်ရုံမျှကို အကောင်းဆုံး အကျင့်ဟု မဆိုထိုက်သေးပါ။)
အရှင်အာနန္ဒာက ဆွမ်းခံသွားရာဌာန စသည်တို့၌ မြင်သည်ရှိသော် အဘယ်သို့ပြုကျင့်ရပါမည်နည်း ? ။
" အနာလာပေါ - အာနန္ဒာ ... မြင်ရလျှင် စကား မပြောမိအောင် ကျင့်ခြင်းသည် အကောင်းဆုံးအကျင့်ဖြစ်၏ " မိန့်တော်မူ၏။
မှန်၏ - စကားပြောမိလျှင် ရင်းနှီးမှုဖြစ်၏။ရင်းနှီးမှုဖြစ်လျှင် ဖောက်ပြန်မှုဖြစ်တတ်၏။ ဖောက်ပြန်မှု ဖြစ်လျှင် သီလပျက်၍ အ
ပါယ်လေးပါးသို့ ရောက်တတ်သည်။ထိုကြောင့် ' စကားမပြောမိခြင်းကို အကောင်းဆုံးအကျင့် ' ဟု ဒုတိယ စည်းတားတော်မူ၏။ "
ထိုအခါ အရှင်အာနန္ဒာက " စကားမပြောလျှင် မဖြစ်လောက်အောင်ပင် အကြောင်းပေါ်လာခဲ့သော် အဘယ်သို့ ကျင့်ရပါမ
ည်နည်း " ဟုလျှောက်ပြန်သည်။ မာတုဂါမက " ယနေ့ ဘာနေ့ပါတုန်း ဘုရား " ဟုမေးလျှင် ပြန်၍ ဖြေရလိမ့်မည်။ " သီလေ
ပးပါအုန်း ဘုရား " ဟုတောင်းလျှင် သီလပေးရလိမ့်မည်။"တရားနာလိုပါသည် ဘုရား" ဟုလျှောက်လျှင် တရားစကားပြောရလိမ့်မည်။ ပြဿနာမေးရင် ဖြေရလိမ့်မည်။
ဤသို့ ရဟန်းကောင်းများပြုထိုက်သော အလုပ်ဖြစ်၍ သကားမပြောဘဲ နေသောပုဂ္ဂိုလ်ကို ဒိကိုယ်တော်က " အ - အ ကြီးဘဲ
"၊ဒီကိုယ်တော်က " အထိုင်းကြီးဘဲ " ၊ ဒီကိုယ်တော်က " စားပြီးတော့ ပါးစပ်ကို ဖွဲ့ထုပ်ထားသလို ထိုင်နေတာဘဲ " ဤသို့ စသည်ဖြင့် အပြစ်တင်ကာအကုသိုလ်ဖြစ်စရာရှိ၏။ထို့ကြောင့် " စကားပြောခွင့်ကြုံလျှင် အဘယ်သို့ ကျင့်ရပါမည်နည်းဟုမေးလျောက်သည်။
မြတ်စွာဘုရားက " သတိ အာနန္ဒ ဥပဋ္ဌာပေတဗ္ဗာ - အာနန္ဒာ.... စကားမပြောဘဲ နေလို့ မဖြစ်လျှင် ' အမိလို့ သတိထားလိုက် ၊
အမ နှမလို့ သတိထားလိုက် ၊ သမီးလို့ သတိထားလိုက်ပါ။ ' ဤသို့ သတိထားနိုင်လဆင် မေတ္တာစိတ်သာ ဖြစ်ဖို့ရှိ၏။ ဖောက်ပြန်သောစိတ်ကား မဖြစ်နိုင်တော့" ။ ထို့ကြောင့် ' စကားပြောခွင့် ကြုံလာလျှင် သတိထားဖို့ရာ' တတိယစည်းတားတော်မူပြန်သည်။
" သတီတိ ဝါ ကာယဂတာသတိဥပဋ္ဌာပေတဗ္ဗာ " ဆံပင် ၊မွှေးညင်း ၊ခြေသည်း၊လက်သည်း၊သွား၊အရေ စသော ၃၂ပါးသော
ကောဋ္ဌာသအစုအဝေးသာတည်း၊ ' ယောက်ျား၊မိန်းမ ' မဟုတ် ဟုသတိထားရမည်။
(မဟာဂန္ဓာရုံဆရာတော် - နောက်ဆုံးဆယ်လမြတ်ဗုဒ္ဓ)
No comments:
Post a Comment