ဤသို့ပြုရ မြတ်ပုညကြောင့်
ချမ်းမြအေးကြည် ဘေးမဲ့မည်သည်
ရွှေပြည်ထုတ်ချောက် လမ်းမကောက်ပဲ
ရောက်ရပါလို ထိုထိုဘဝ
ကျင်လည်ရလည်း ဒုက္ခဘေးဒဏ်
ရန်မာန်ခပ်သိမ်း မကောင်းဟူသမျှ
မတွေ့ရဘဲ ဒုက္ခဘေးဒဏ်
ရန်မာန်အပေါင်း မကောင်းဟူသမျှ
မကြားရပဲ သဗ္ဗဣစ္ဆာမင်္ဂလာကို
ရွယ်ကာတတိုင်းရစေသောဝ်။
ယနေ့ယခု ပြုပြုသမျှ
မြတ်ပုည၏ ဖို့ဘာဂကို
မိဘဆရာ မျိုးသဟာနှင့်
ကိုယ်မှာစောင့်ကြပ် ကိုယ်စောင့်နတ်အား
အိမ်မှာစောင့်ကြပ် အိမ်စောင့်နတ်အား
ကျောင်းမှာစောင့်ကြပ် ကျောင်းစောင့်နတ်အား
တောမှာစောင့်ကြပ် တောစောင့်နတ်အား
တောင်မှာစောင့်ကြပ် တောင်စောင့်နတ်အား
သာသနာမှာစောင့်ကြပ် သာသနာစောင့်နတ်အား
အရင်းစ၍ ရှိသမျှလုံးစုံ
ဘုံသုံးဆယ့်တစ် ဖြစ်ဖြစ်သမျှ
ဝေနေယျတို့ ရကြပါစေ
ပေးငှဝေသည် များထွေသာဓု
ခေါ်စေသောဝ်။ ကုသိုလ်အမျှ အမျှ အမျှ
ယူတော်မူကြပါကုန်သောဝ်။
No comments:
Post a Comment