ဖားအောက်ဆရာတော်ကြီး သြဝါဒ(ပဗ္ဗဇိတအဘိဏှသုတ် )
*****************************************
ဒသယိမေ ဘိက္ခဝေ ဓမ္မာ ပဗ္ဗဇိတေန အဘိဏှံ ပစ္စဝေက္ခိတဗ္ဗာ။
ကတမေ ဒသ? --
ရဟန်းတို့ ... ဤတရားဆယ်မျိုးတို့ကို ရဟန်းသည် မပြတ်ဆင်ခြင်
အပ်ကုန်၏။ အဘယ်တရား ဆယ်မျိုးတို့နည်းဟူမူ --
၁။ "ေ၀၀ဏ္ဏိယမှိ အဇ္ဈုပဂတော"တိ ပဗ္ဗဇိတေန အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
"ငါသည် အဆင်းဖောက်ပြန်သည်၏အဖြစ်သို့ ကပ်ရောက်ရာ၏"ဟု
ရဟန်းသည် မပြတ်ဆင်ခြင်အပ်၏။
* နောက်ဆုတ်လို့ပြန်မပျိုသည် ရှေ့ကိုအိုမြဲဆိုတဲ့အတိုင်း တစ်နေ့ထက်တစ်နေ့ ငါ့ရဲ့အဆင်းတွေဟာ အိုမင်းရင့်ရော်တဲ့ဘက်သို့ ဖောက်ပြန်ပြောင်းလဲနေတယ်ဆိုတာကို နေ့စဉ်အမှတ်ရပါတဲ့ ဆင်ခြင်ပါ။
၂။ "ပရပဋိဗဒ္ဓါ မေ ဇီဝိကာ"တိ ပဗ္ဗဇိတေန အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
"ငါ၏ အသက်မွေးမှုသည် သူတစ်ပါးနှင့် ဆက်စပ်နေ၏"ဟု မပြတ်ဆင်ခြင်အပ်၏။
* ငါရဲ့ အသက်မွေးမှု အသက်ရှင်ရမှုသည် သူတစ်ပါးတို့နဲ့ အမြဲတမ်း ဆက်စပ်နေရတယ်လို့ အမြဲတမ်းဆင်ခြင်ပါလို့ မြ
တ်စွာဘုရား တိုက်တွန်းထားတယ်၊ ဘာကြောင့်လဲ ? မိမိရဲ့ အလိုဆန္ဒအတိုင်းဖြစ်အောင် ကြိုးစားအားထုတ်ချင်တဲ့ ပုဂ္ဂိုလ်တွေ
တော်တော်များများရှိကြတယ် ဒါကြောင့်မိမိ၏ အသက်မွေးဝမ်းကြောင်းလုပ်ငန်းရပ်တွေ သူတစ်ပါးနဲ့ ဆက်စပ်နေတဲ့အတွက်
သူတစ်ပါးပြုစုတဲ့အတိုင်း ကျေနပ်ရောင့်ရဲတဲ့ စိတ်ဓာတ်ရှိအောင် မြတ်စွာဘုရားက ဒီလိုဆင်ခြင်ခိုင်းခြင်းဖြစ်တယ်။
ဒီနေ့ဆွမ်းလေးရလိုက်တာပုံစံကတစ်မျိုး မကျေနပ်ဘူး ပွစိပွစိ နဲ့ဒီလိုမဖြစ်စေချင်ဘူးနော်။
၃။ "အညော မေ အာကပ္ပေါ ကရဏီယော"တိ ပဗ္ဗဇိတေန အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
"ငါသည် (လူအမူအရာ အသွင်အပြင်မှတစ်ပါး) အခြားသော အသွင်
အပြင် အမူအရာကို ပြုသင့်၏"ဟု မပြတ်ဆင်ခြင်အပ်၏။
*ရဟန်းဆိုတာ လူရဲ့အသွင်အပြင် လူ့ရဲ့အပြုအမူအပြောအဆိုတွေအားလုံးစွန့်လွတ်ရမယ်။
င့ါရဲ့အသွင်အပြင်အပြုမူအားလုံးသည် လူတို့ရဲ့ အသွင်အပြင် အပြုအမူ အပြောအဆိုတွေမှ အခြားတစ်ပါး တစ်မျိုးသာဖြစ်တယ်လို့ ဒီလိုအမြဲတမ်း ဆင်ခြင်ပေးရမယ်။ငါဟာဘယ်လိုပုဂ္ဂိုလ်ဆိုတာ တစ်ခါတစ်လေ မေ့နေတဲ့အတွက် လူလိုပြောမိတယ်ဆိုမိတယ်။ ဒေါသတွေဖြစ်မိတတ်တယ်၊လောဘတွေဖြစ်မိတတ်တယ်၊ဒါကြောင့် အမြဲတမ်းဆင်ခြင်ပေးပါတဲ့။
၎။ "ကစ္စိ နု ခေါ မေ အတ္တာ သီလတော န ဥပ၀ဒတီ"တိ ပဗ္ဗဇိတေန
အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ၊
"ငါ၏ စိတ်သည် သီလအားဖြင့် (မိမိကိုယ်ကို) မစွပ်စွဲဘဲ ရှိ၏လော"ဟု
မပြတ်ဆင်ခြင်အပ်၏။
* မိမိကိုယ်ကိုမိမိကသီလအားဖြင့် မစွပ်စွဲဘဲ ရှိပါရဲ့လား?။ကိုယ်ကိုတိုင်ပြန်စမ်းစစ်ရမယ်နော်။
၅။ "ကစ္စိ နု ခေါ မံ အနုဝိစ္စ ၀ိညူ သဗြဟ္မစာရီ သီလတော န ဥပ၀ဒန္တီ"တိ
ပဗ္ဗဇိတေန အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ၊
"ငါ့ကို သိနားလည်သော သီတင်းသုံးဖော်တို့က ဉာဏ်ဖြင့်သက်ဝင်၍
သီလအားဖြင့် မစွပ်စွဲဘဲ ရှိကြ၏လော"ဟု မပြတ်ဆင်ခြင်အပ်၏။
*ငါ့ကိုသီတင်းသုံးဖော်တို့က သီလအားဖြင့် မစွပ်စွဲဘဲရှိပါရဲ့လား ဆိုတာအမြဲတမ်းဆင်ခြင်ရမယ်။
'ကိုယ်တော်ဘာတွေလုပ်နေလဲ၊ဟင် ကိုယ်တော်ဟိုဟာလုပ်သလား ? ၊ဒါလုပ်သလား? ' စသည်ဖြင့် ဒီလိုစွပ်စွဲတဲ့လမ်းစဉ်ဖြင့်
သာသနာတော်မှာ နေထိုင်ရမယ်ဆိုရင်ဖြင့် အကျိုးကျေးဇူးမများလှဘူး ။ ငါ့ရဲ့သီတင်းသုံးဖော်ရဟန်းတော်တို့က သီလအားဖြင့်
့င့ါကို မေးစီစစ်ခြင်း၊စူးစမ်းဆင်ခြင်ခြင်း၊စွပ်စွဲခြင်း၊ကဲ့ရဲ့ခြင်းရှိရဲ့လားလို့ ဆင်ခြင်ရမယ်။ဒီလိုဆင်ခြင်မှ မိမိရဲ့သီလစင်ကြယ်ေ
ရးအတွက် မိမိကရှေးရှုပြီးဖြည့်ကျင့်မှာဖြစ်တယ်။ကိုယ့်ကိုကိုယ်လည်းဆင်ခြင်ပေးရမယ်၊သူတစ်ပါးတို့၏ ဆင်ခြင်မှုရှိမရှိကို
လည်း မိမိကိုယ်ကိုမိမိအမြဲတန်း စမ်းစစ်ရမယ်။
၆။ "သဗ္ဗေဟိ မေ ပိယေဟိ မနာပေဟိ နာနာဘာဝေါ ၀ိနာဘာဝေါ"တိ
ပဗ္ဗဇိတေန အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ၊
"ငါ့အား ချစ်ခင်သူ နှစ်သက်သူ အားလုံးတို့နှင့် ရှင်ကွဲ ကွဲမှု သေကွဲ
ကွဲမှု (ဖြစ်ရမည်)"ဟု မပြတ်ဆင်ခြင်အပ်၏။
*ချစ်ခင်မြတ်နိုးအပ်တဲ့ ပုဂ္ဂိုလ်တို့နဲ့ သေကွဲရှင်ကွဲ ဤနှစ်ကွဲ ကွဲခြင်းသည် ဓမ္မတာဖြစ်တယ်ဆိုတာ ရဟန်းတွေအနေနဲ့ အမြဲတမ်
းဆင်ခြင်ရမယ်။ 'တပည့်တော်ကဘုရား ' ဘာဖြစ်လို့ညာဖြစ်လို့ အကြောင်းပြချက်လေးတွေ အမျိုးမျိုးနဲ့ ကိုယ့်ကိုကိုယ် ချော့
ချော့နေကြတယ်။အဲ့ဒိလိုချော့နေတဲ့ ချော့လုံးလေးတွေနဲ့ ဝေးသွားအောင်လို့ မြတ်စွာဘုရားကဆင်ခြင်ခိုင်းတယ်။
၇။ "ကမ္မဿကောမှိ ကမ္မဒါယာဒေါ ကမ္မယောနိ ကမ္မဗန္ဓု ကမ္မပဋိသရ
ဏော၊ ယံ ကမ္မံ ကရိဿာမိ ကလျာဏံ ၀ါ ပါပကံ ၀ါ တဿ
ဒါယာဒေါ ဘ၀ိဿာမီ"တိ ပဗ္ဗဇိတေန အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ
"ငါသည် ကံသာလျှင် မိမိဥစ္စာရှိသူ, ကံ၏အမွေခံသူ, ကံသာလျှင်
အကြောင်းရှိသူ, ကံသာလျှင် မိတ်ဆွေရှိသူ, ကံသာလျှင် လည်းလျောင်း
ရာရှိသူ ဖြစ်၏၊ ငါပြုမည့် မကောင်းသောကံ ကောင်းသောကံ၏
အမွေခံဖြစ်ရမည်"ဟု မပြတ်ဆင်ခြင်အပ်၏။
* ငါဟာ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိတယ်, ကံသာလျှင်အမွေခံတယ်, ကံသာလျှင်
အကြောင်းရှိတယ်, ကံသာလျှင် အဆွေခင်ပွန်းရှိတယ်, ကံသာလျှင် ပုန်းအောင်းလှဲလျောင်း မှီခို
ရာရှိတယ်၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ကုသိုလ်ကိုဖြစ်စေ အကုသိုလ်ကိုဖြစ်စေ အကြင်ကံကိုပြုစုပျိုးထောင်ခဲ့
မယ်ဆိုရင် ထိုကံရဲ့ အမွေခံသာလျှင်ငါဖြစ်တယ်လို့ ဒီလိုကံ ကံရဲ့အကျိုးနဲ့ ပတ်သက်ပြီး အမြဲတမ်းဆင်ခြင်ပေးရမယ်။
ကောင်းတဲ့အကျိုးကိုလိုလားရင် ကောင်းမှုကုသိုလ်ကံတွေထူထောင်ဖို့ မကောင်းအကျိုးကိုလိုလားမိရင် မကောင်းအကုသို
လ်ကံတွေ ထူထောင်မိမှာဖြစ်တယ်။မကောင်းတဲ့အကျိုးကို အလိုမရှိဘူး ကောင်းတဲ့အကျိုးကိုအလိုရှိခဲ့ရင် ကောင်းတဲ့ကု
သိုလ်ကံတွေကိုသာထူထောင်နိုင်ရေးအတွက် ဒီလိုအမြဲတမ်းဆင်ခြင်ပေးရခြင်းဖြစ်တယ်။
၈။ "ကထံဘူတဿ မေ ရတ္တိန္ဒိဝါ ၀ီတိဝတ္တန္တီ"တိ ပဗ္ဗဇိတေန အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ၊
"ငါသည် အဘယ်သို့ ဖြစ်နေစဉ် ညဥ့်နေ့တို့သည် ငါ့ကို လွန်ကုန်
သနည်း"ဟု မပြတ်ဆင်ခြင်အပ်၏။
* င့ါရဲ့နေ့တွေ ညဥ့်တွေဘယ်လိုများကုန်းဆုံးသွားတယ်ဆိုတာကို အမြဲတမ်းစမ်းစစ်ရတယ်တဲ့။ရဟန်းဆိုတာ စမ်းစစ်ပေးရတယ်
နေ့တွေကို ငါဘယ်လိုအသုံးချလိုက်လဲ ၊ညဥ့်အခါကို ဘယ်လိုကုန်လွန်သွားအောင် အသုံးချလိုက်လဲဆိုတာကို အမြဲတမ်းဆင်ြ
ခင်ပေးပါမှ ရဟန်းတရားတွေကို လက်တွေ့ကျင့်ကြံကြိုးကုတ်ပွားများအားထုတ်ချင်တဲ့ စိတ်ဓာတ်တွေ တစ်ဖွားဖွားပေါ်လာမြှာ
ဖစ်တယ်။
၉။ "ကစ္စိ နု ခေါ အဟံ သုညာဂါရေ အဘိရမာမီ"တိ ပဗ္ဗဇိတေန အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ၊
"ငါသည် ဆိတ်ငြိမ်ရာကျောင်း၌ မွေ့လျော်၏လော"ဟု မပြတ်ဆင်ခြင်
အပ်၏။
*ငါ ဆိတ်ငြိမ်တဲ့တောကျောင်းတောင်ကျောင်းတွေမှာ တကယ်မွေ့လျော်ပျော်ပိုက်ရဲ့လားဆိုတာကိုလည်း အမြဲတမ်းဆင်ခြင်
ပေးပါတဲ့။တကယ်မွေ့လျော်ကြသလား ? ၊ဝိုင်းဖွဲ့ပြီးစကားပြောတာကိုဘဲ မွေ့လျော်ကြသလား?။ ဆိတ်ငြိမ်တဲ့တောကျောင်း
တောင်ကျောင်းတွေမှာဘဲ ငါမွေ့လျော်ကြသလား?။ ကိုယ့်ကိုကိုယ် အမြဲတမ်းမေးခွန်းလေးထုတ်ပြီး မေးပေးပါတဲ့။
၁၀။"အတ္ထိ နု ခေါ မေ ဥတ္တရိ မနုဿဓမ္မော အလမရိယဉာဏဒဿန
ဝိသေသော အဓိဂတော၊ ယေနာဟံ ပစ္ဆိမေ ကာလေ သဗြဟ္မစာရီဟိ
ပုဋ္ဌော န မင်္ကု ဘ၀ိဿာမီ"တိ ပဗ္ဗဇိတေန အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ၊
"ငါသည် လူတို့၏ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်
သော, ကိလေသာကို ဖျက်ဆီးခြင်းငှာ စွမ်းနိုင်သော မြတ်သောဉာဏ်
အမြင်အထူးကို ရအပ်လေသလော၊ ငါသည် နောက်ဆုံး (သေခါနီး)
ကာလ၌ သီတင်းသုံးဖော်တို့က မေးသည်ရှိသော် မျက်နှာမလှ မဖြစ်
ရအံ့"ဟု ရဟန်းသည် မပြတ်ဆင်ခြင်အပ်၏။
* လူတို့ရဲ့ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် သာလွန်မြင့်မြတ်နေတဲ့ ဈာန်မဂ်ဖိုလ်လို့ခေါ်ဆိုအပ်တဲ့ တရားထူးတရားမြတ်တွေကို ငါ ရရှိပါရဲ့လားဆိုတာ၊ကိုယ်ကိုကိုယ်မေးပေးရတယ်။ နောက်ဆုံးသေခါတည်းကာလမှာ သီတင်းသုံးဖော်တို့က ငါ့ကို
မေးခဲ့ရင် ' ဘာမှမရသေးဘူး ကိုယ်တော် ' လို့ ပြောပြီး မျက်နှာမသာမယာ စိတ်မချမ်းမသာဖြစ်ရမယ့်သဘာဝလေးရှိတယ်။
အဲ့ဒိတော့မျက်နှာမသာမယာ စိတ်မချမ်းမသာ မဖြစ်ရအောင် နောက်ဆုံးဘိတ် သေခါနီးကာလမှာ သီတင်းသုံးဖော်တို့က
အားကိုးရာတရားတစ်ခုခု ရရှိပါသလားလို့မေးလိုက်တဲ့အခါ မရသေးပါဘူး ပြောရရင် စိတ်မချမ်းမသာဖြစ်မယ်။အဲ့ဒိလို စိတ်မ
ချမ်းမသာ မဖြစ်ရအောင် သီတင်းသုံးဖော်တို့က ' သင့်မှာ တရားထူးတရားမြတ်များ ရရှိပါသလား ? ' လို့ မေးခဲ့ရင် စိတ်မချမ်း
မသာ မဖြစ်ရအောင် ဖြေဆိုနိုင်ရေးအတွက် ရည်ရွယ်ပြီးတော့ အမြဲတမ်းဆင်ခြင်ပေးပါ။
"ဣမေ ခေါ ဘိက္ခဝေ ဒသ ဓမ္မာ ပဗ္ဗဇိတေန အဘိဏှံ ပစ္စဝေက္ခိတဗ္ဗာ။"
ရဟန်းတို့ ... ဤ (ဆိုခဲ့ပြီး) တရားဆယ်မျိုးတို့ကို ရဟန်းသည် မပြတ်
ဆင်ခြင်အပ်ကုန်၏ဟု (မိန့်တော်မူ၏)။
(အံ၊မြန်၊၃၊၃၂၄။)(အံ၊၃၊၃၂၅။)
" ဖားအောက်တောရဆရာတော်"
No comments:
Post a Comment