31 May, 2015

သာမညဆရာတော်ပင့်ဂါထာတော်

            သန္တော ယောဝိနယော သမထာယ ဓမ္မံဒေသေတု
            တံအာစရိယံ မယံဝန္ဒာမိ သဗ္ဗဒ္ဓါ
   သာမညေ မဂ္ဂင်ဖောင်ကြီး မြိုင်မြိုင်စီးသဖြင့် မဂ်ဖိုလ်နိဗ္ဗာန် သန္တိသုခ ချမ်းသာအဝဝကို လက်ဝယ်ပိုင်ပိုင်ရရှိခံစားနိုင်ကြကုန်သော ကျော်ဟိုးတေဇာ ဂုဏ်ဝါကြီးမား သာမဏခေါ်တွင်အရိယာထေရ်ရှင် အရိယာလောင်းလျာများသာလျှင်ကိန်းအောင်းမွေ့လျော်
စံပျော်တော်မူသောသာမညအမည်ရသောမြစိမ်းတောင်ကြီး၌ ဝိဟာရန္တော မေတ္တာဂရုဏာကြီးမားစွာဖြင့်သိဒ္ဓိစခန်း ဖွင့်ကာပေးသဖြင့် သတ္တဝါအများ ကပ်သုံးပါးမှ ကျော်လွှားသည့်ပြင် နိဗ္ဗာန်စခန်း တက်လှမ်းဖို့ရန်စိတ်ရည်သန်၍ မျှော်တွေးထောက်မျှော် သီတင်းသုံးနေထိုင်တော်မူသော ယောဝိနယော မဟာထေရောနာမ
သာမညတောင် မဂ္ဂင်ဖောင်ကြီး ဆိုက်ရောက်လေငြား မြစောညီနောင်ဘုရားသို့ အနယ်နယ်အရပ်ရပ်မှ
ဘုရားဖူးကြွရောက်လာကြကုန်သောရဟန်းရှင်လူ တပည့်ဒါယကာ ဒါယိကာမများအား သနားမေတ္တာ
ဝမ်းမြောက်စွာဖြင့် နေ့ရောညပါ ဘယ်ခါမစဲ ကောင်းစွာမယွင်း သက်ပယ်ဘေးမဲ့ဆွမ်းကို ထက်လွန်းသဒ္ဒါ စေတနာဖြင့် ကျွေးမွေးတွင်တွင် အစဉ်ကြည့်ရှု စောင့်ရှောက်တော်မူသော အရှင်အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဘဒ္ဒန္ဒဝိနယမည်ရကျော်ဟီး သာမညတောင်ဆရာတော်ဘုရား ကြီးသည် သန္တော ကိုယ်တော်တိုင်ကလည်း ကိလေသာအပေါင်းတို့မှငြိမ်းအေးတော်မူပါပေ၏။
သမထာယ ဝေနေယျများစွာ ကိလေသာအပေါင်းတို့မှ ငြိမ်းအေးစေခြင်းငှာ
ဓမ္မံ ကိလေသာငြိမ်းကြောင်း ဒါနသီလသမထဝိပဿနာ တရားကောင်းတွေကို ဒေသေတု ခန္ဓာဥာဏ်ရောက်နိဗ္ဗာန်ပေါက် အောင်ကောင်းစွာမသွေ ဟောကြားတော်မူခဲ့ပါပေ၏။ တံ အာစရိယံ နိုင်ငံခရိုင် ပြည့်လှိုင်ကျော်ကြား သာသနာပြုတန်ခိုးကြီးမဟာထေရ်တပါးရယ်လို့ ရဟန်းရှင်လူ နတ်လူဗြဟ္မာသတ္တဝါအပေါင်းတို့၏ ကြည်ညိုလေးစား ကိုးကွယ်အားထား ဆည်းကပ်ရာလည်းဖြစ်တော်မူပေထသောထိုသာမညတောင်
ဆရာတော်ဘုရားကြီးကို မယံ ရုပ်နာမ်နှစ်ဖြာ ငါးခန္ဓာဟု သူငါမှည့်ခေါ်  ဘုရားတပည့်တော်တပည့်တော်မတို့သည် သဗ္ဗဒါ အခါခပ်သိမ်း ဝန္ဒာမိ သဒ္ဒါရိုကျိုးလက်ဆယ်ဖြာထိပ်မှာမိုး၍ရှိခိုးကန်တော့လိုက်ပါ၏ အရှင်ဘုရား ဝန္ဒိတွာ ရှိခိုးပြီး၍ မေ အမှာကံ ဆရာတော်ဘုရားကြီး၏ မေတ္တာရိပ်မြုံကိုခိုလှုံနေကြကုန်သောဘုရား တပည့်တော် တပည့်တော်မတို့၏ အံသေ ပုခုံးရတနာမြတ်အင်္ဂါထက်၌ ဌာတု ဓမ္မာသန ပလ္လင်ကဲ့အသွင်သို့ရွှင်ရွှင်ပြုံးပြုံးသီတင်းသုံး
တည်တံ့တော်မူလှည့်ပါ့ကျေးဇူးတော်ရှင်သာမညတောင်ဆရာတော် အရှင်သူမြတ်ကြီးဘုရား

No comments:

Post a Comment