လယ်တီပဏ္ဍိတဆရာဦးမောင်ကြီး ရေးသားအပ်သောပဋ္ဌာန်းဒေသနာ ရွတ်ဖတ်ရန် တိုက်တွန်းနှိုးဆော်လွှာ ( ပဋ္ဌာန်းအမွှန်း )
ဘဂဝန်ဘုန်းလှိုင်နှုန်းပြိုင်တုကင်း အဖက်ကွာ၍ စကြာမင်းအစစ် ဖြစ်ကြီးဖြစ်တော်မူသောတိဘဝပါရဂူသယမ္ဘူရှင်တော်မြတ်ဘုရားသည် ငါးပါးမာန်နှင် ပလ္လင်ဗွေထွတ် မြေတမွတ်ဝယ်ရွှေဝတ်လွှာမှုန် ကြာပဒုံသို့ အစုံလေးလီ ခိုင်နှင်းဆီကို လှန်းမှီဆွတ်ခြွေ၍ ကရွတ်ခွေ ဝဋ်စက်မှ လွတ်ထွက်တော်မူပြီးနောက် သတ္တာသတ္တ နဝတာလီ ကိန်းယာယီဖြင့် ခိုမှီပြောင်းစံတော်မူဆဲအခါ ရတနာဃရ သတ္တာဟဝယ် ဓမ္မနက်ကျယ် သမုဒ်နှယ်သို့ ဆန်ကျယ်နက်ဝှမ်း နည်းစုံပြွမ်းသည့် ပဋ္ဌာန်းကျမ်းကို ထောက်လှမ်းမြူးကွန့် ရွှေဥာဏ်တော်လွန့်လေသော် ရောင်ညွန့်ရောင်စွယ် ရွှေဘုန်းတော်ခြယ်သောကြောင့် သပ္ပာယ်လို့ရှုမဆုံး မိုးလုံးတပြင် ဝေဟင်အပြန့် မရပ်တန့်ဘဲ မဆန့်နိုင်တဝေဝေ ညိုရွှေနီဖြူ အဆူဆူထွေးယှက်လျက်နီမောင်းရောင်အထွက် လျှပ်စီးတွေလက်သလို ပြိုးပြိုးပြက်တငွားငွားရောင်ခြောက်
ဆိုင်ကစားလျက်လောကဓာတ်တိုက်
အများကို ဖြန့်လွှားအုပ်ခြုံတော်မူကြလေကုန်သတည်း။ ရောင်ခြည်တော်ဖူးညွန့်ထွေးယှက်လိမ်လူးလွန့်လျက် မြူးကွန့်တော်မူစေရန် အကြောင်းရင်းသမုဋ္ဌာန် ဧကန်ဧက ပဋ္ဌာနဟု နယထူးဆန်း မြတ်ပဋ္ဌာန်းကို ရွှင်လန်းသောဥာဏ်ကသိုဏ်းသမာဓိဖလ်တံတိုင်းဖြင့်ဌာန်ကရိုဏ်းပီသစွာစေတနာထွတ်အမြတ်ဖြင့်ရွတ်ဖတ်သရဇ္ဈယ်တော်မူကြပါကုန်လော့။သံဃာတော်အရှင်မြတ်အပေါင်းတို့။
Buddha Dhamma Thangha ရတနာသုံးပါးကိုယုံကြည်မြတ်နိုးကိုးကွယ်ကြသူများ။
31 May, 2015
လယ်တီပဏ္ဍိတဆရာဦးမောင်ကြီး၏ ပဌာန်းအမွှန်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment