31 May, 2015

အမေ့မေတ္တာ

အဖေ့မေတ္တာနဲ့အမေ့မေတ္တာနဲ့ယှဉ်ရင်မိဘတွေအားလုံးသားသမီးတွေအားလုံးအပေါ်မှာ
အတူတူချစ်ကြတာပဲလို့တော့ပြောကြပါတယ် ဒါပေမယ့်အမေဘက်ကိုပိုကြတယ်ဆိုတာကို ပိဋကတ်စာပေမှာအထောက်အထားနဲ့တွေ့ရပါတယ် အလွန်သပ္ပါယ်အလွန်ချော'လှတဲ့အရှင်ကစ္စည်းမထေရ်ကို
သောရေယျသူဌေးသားကတွေ့တဲ့အခါဒီလောက်ချောတဲ့ကိုယ်တော် မိန်းမဆိုရင်ငါ့မိန်းမဖြစ်ရင်ကောင်းမှာပဲလို့ပြစ်မှားလိုက်မိတော့ဘဝမဆိုင်းပဲ
အကုသိုလ်အကျိုးပေးကြောင့်မိန်းမဘဝချက်ချင်းပြောင်းသွားပါတော့တယ်အဲဒီမှာပဲရှက်ပြီးတော့မိန်းမအိမ်မပြန်ရဲတော့ပဲနဲ့ခရီးသွားကုန်သည်အဖွဲ့နဲ့လိုက်သွားပြီးမိန်းမဘဝနဲ့ကုန်သည်လှည်းမှုးနဲ့အိမ်ထောင်ကျပြီးတော့သားနှစ်ယောက်ရပြီးတဲ့အချိန်မှာငယ်သူငယ်ချင်းတစ်ယောက်နဲ့ဆုံလို့သူငယ်ချင်းကရှင်မဟာကစ္စည်းမထေရ်ကိုဝန်ချတောင်းပန်ဖို့အကြံပေးလို့တောင်းပန်လိုက်တာယောက်ျားဘဝကိုပြန်ရတော့သံဝေဂရပြီးတော့ရဟန်းပြုသွားပါရောတဲ့ အဲဒီမှာရဟန်းအဖော်တွေကဝိုင်းပြီးမေးကြတယ်တဲ့ အမျိုးသမီးဘဝနဲ့ရခဲ့တဲ့သားနှစ်ယောက်နဲ့အမျိုးသားဘဝနဲ့ရခဲ့တဲ့သားနှစ်ယောက်ဘယ်သားသမီးကိုပိုချစ်ပါသလဲလို့မေးကြတော့ အမျိုးသမီးဘဝနဲ့ရခဲ့တဲ့ကလေးတွေကကိုယ်ဝန်လဲလွယ်ရ ရင်မှဖြစ်တဲ့နို့ချိုကိုလဲတိုက်ကျွေးရ အမြဲမပြတ်ရင်အုပ်မကွာလဲစောင့်ရှောက်ရဆိုတော့အမျိုးသမီးဘဝနဲ့ရတဲ့သားသမီးတွေကိုယ်ပိုပြီးတော့ချစ်ပါတယ်လို့အမှန်အတိုင်းဖြေပါတယ်တဲ့ အဲဒီနောက်တော့ခဏခဏလာမေးလွန်းတာနဲ့မဖြေချင်တော့လို့တောထဲဝင်ပြီးတရားအားထုတ်လိုက်တာ ရဟန္တာဖြစ်ပြီးမှကျောင်းပြန်လာတော့အရင်လိုဘယ်သူ့ကိုပိုချစ်သလဲမေးတဲ့အခါဘယ်သူ့ကိုမှချစ်တယ်မုန်းတယ်ဆိုတာမရှိတော့ပါဘူး သတ္တဝါအားလုံးအတူတူပါပဲလို့ဖြေပါသတဲ့ အဲဒီဇာတ်ကြောင်းကိုမှီပြီးတော့မိခင်နဲ့ဖခင်ယှဉ်ရင်မိခင်မေတ္တာဆိုတာ
ပိုပါတယ်ဆိုတာအဲဒီထုံးကိုမှီပြီးတော့ပြောကြတာပါ။

No comments:

Post a Comment