ဗောဓိယာပစ္စယောဟောတု ဣဒံနော ပုညမင်္ဂလံ
ပုညဘာဂံ သုလဘန္တု ပမောဒန္တု သဒေဝကာ
နောအမှာကံ မြင့်မြတ်သာကြည် ပါရမီရင့်ကျုး ဇာနည်ထူးသူတော်စင်
များဖြစ်ကြကုန်သော ကုသိုလ်ရှင်အကျွန်ုပ်တို့၏ ဣဒံပုညမင်္ဂလံ ဗုဒ္ဓ
မြတ်စွာသာသနာတော် အဓွန့်ရှည်စွာလျှင် တည်တံ့စေရန် ရည်စိတ်
သန်၍ ပြည်နိဗ္ဗာန်ကိုမျှော်မှန်းလျက် ဤယနေ့ယခု ပြုပြုကြရသမျှကုန်
သော( * ) ကုသိုလ်တော်မင်္ဂလာအဖြာဖြာသည်
( ဝါ ) ဒါနသီလဘာဝနာ ကုသိုလ်တော်မင်္ဂလာအဖြာဖြာသည် ဗောဓိ
ယာ သစ္စာလေးအင်ခိုင်သဇင်ကိုပြိုင်ယှဉ်ဆွတ်ခူး ထွတ်ဖူး ရင့်သန်
ဗောဓိဉာဏ်၏ ပစ္စယော ဥပနိဿယအမှီရ၍ မုချရကြောင်း ကောင်း
မြတ်သော အထောက်အပံ့သည် ဟောတု စင်စစ်မသွေဖြစ်ပါစေသ
တည်း။
ဣဒံပုညဘာဂဉ္စ ဤယနေ့ယခု ပြုပြုသမျှ
ကုန်သော ဒါနကုသိုလ်တော်မင်္ဂလာ သီလကုသိုလ်တော်မင်္ဂလာ
ဘာဝနာကုသိုလ်တော်မင်္ဂလာ ဤအဖြာဖြာသော ကုသိုလ်တော် မင်္ဂလာပါရမီ ပုညဘာဂအနှစ် ဟူသမျှတွေကို ။
သဒေဝကာ ကမ္ဘာမှာနေနေသမျှ ဝေနေယျသတ္တဝါ အနန္တဟူသမျှတို့
သည် သုလဘန္တု ရွှင်လန်းကြည်နူးဝါဂွမ်းဆီထိသကဲ့သို့ ပီတိဖြင့်စိတ်မှာ
သဒ္ဓါထုံလျက် ဣဋ္ဌာရုံ အသွင်ထူးလို့မို့ ကြည်မြူးကိုယ်ပိုင် အားလုံးမျှတူ
အရယူတော်မူနိုင်ကြပါစေကုန်သတည်း။
သုလဒ္ဓါနံ ကိုယ်စီကိုယ်ငှ ကြည်နူးကိုယ်ပိုင်အားလုံးမျှတူအရယူတော်
မူနိုင်ကြကုန်ပြီးသည်ဖြစ်၍ ။
ပမောဒန္တု လူ့ပြည်တွင်မက နတ်ပြည်ပါဆက်သွယ်လျက် အထက်နန်း
ဗြဟ္မာချင်းလို့မို့ ဖြာသတင်း ကမ္ဘာတုန်အောင် သဒ္ဓါဟုန်လျှမ်းလျှမ်း
တောက်ပြီးတော့ ဝမ်းမြောက်ဝမ်းသာ ပတ္ထနာအောင်ဆု အခါခါပြု
လျှက် သာဓုသံအောင်နိမိတ်ဖြင့် အောင်ဘိသိက်သွန်းလောင်းတော်
မူနိုင်ကြပါစေကုန်သတည်း။
No comments:
Post a Comment