အဟော ပူဇံ ပရမပူဇံ သာသနေ သုပ္ပတိဋ္ဌိတံ။
တသ္မာ ကလျာဏသင်္ကပ္ပာ အနုမောဒန္တု သာဓဝေါ။
ဘောန္တော အသံမစဲ ပဋ္ဌာန်းပွဲသို့ အားခဲရောက်လာ များစွာစုပေါင်း
အို သူတော်ကောင်းတို့။ပူဇံ ခက်ခဲမှုများ လွန်ကျော်လွှား၍ ထင်ရှားပေါ်လာ ဤပူဇော်ပွဲမင်္ဂလာကြီးသည်။
အဟော များလှစုံလင် မြင်ကြားသူ သူတော်စင်တို့ ကြည်ရွှင်စွာ
စိတ်မြတ်ဇောဖြင့် အံ့သြချီးမွမ်းထိုက်လှပါပေစွတကား။
ပရမပူဇံ အာမိသပူဇာ မင်္ဂလာထက် မှန်စွာခေါ်ထုံး အမြတ်ဆုံးသော
ဓမ္မပူဇာကြီးပါတကား။သာသနေ သမ္မာသမ္ဗုဒ္ဓ အတုလထွတ်ခေါင် တမွတ်ရှောင်ဥက္ကဌ်စောနေနတ်မြတ်ဘုရား၏ တောက်ကြွားလျှံဖြာ သာသနာတော်မြတ်ကြီး၌ သုပ္ပတိဋ္ဌိတံ ( ) မြို့/ရွာ ရဟန်းရှင်လူ အများပြည်သူတို့က ပဋ္ဌာန်းပူဇော်ပွဲပြုလုပ်ခြင်းတည်းဟူသော ကုသိုလ်မျိုးကို စိုက်ပျိုးတည်ထောင်အပ်လေပြီတကား။
တသ္မာ ထိုသို့ စိုက်ပျိုးတည်ထောင်အပ်ပြီးသည်၏ အဖြစ်ကြောင့်
ကလျာဏသင်္ကပ္ပါ တင့်တယ်လျောက်ပတ် လွန်ကောင်းမြတ်သည့် တလျှပ်လျှပ်ထိန်လျှံ စိတ်အကြံအစည် အလီလီ အဝဝ ကိုယ်စီကိုယ်င
ရှိကြစေကုန်သော သာဓဝေါ ပဋ္ဌာန်းပွဲသို့ အားခဲရောက်လာများစွာစုပေါင်း သူတော်ကောင်းတို့သည် ပူဇံ အလှူတွင်ထိပ်ခေါင်တူမယှဉ် နိမိတ်ဆောင်သည့် အရိပ်အရောင်ထူးကဲ ဤပဋ္ဌာန်းပူဇော်ပွဲကြီးကို
အနုမောဒန္တု အဖန်ဖန် ဝမ်းမြောက်ကြပါစေကုန်သတည်း။
အနုမောဒန္တု သဘောကျကြည်လင် သောမနမှီယှဉ် ဇောဟဒယ မနသီအစဉ်ဖြင့် တရွှင်ရွှင် တဖိမ့်ဖိမ့် နှစ်သိမ့်လျှံစွာ သာဓုသံ သုံးကြိမ်ဖြာလျက်ဤကမ္ဘာမြေတုန်ဟည်းလောက်အောင် ညီညာစွာ သံစုံတီး၍မို့ဝမ်းအမြောက်ကြီး ဝမ်းမြောက်ကြပါစေကုန်သတည်း။
Buddha Dhamma Thangha ရတနာသုံးပါးကိုယုံကြည်မြတ်နိုးကိုးကွယ်ကြသူများ။
31 May, 2015
ပဌာန်းအနုမောဒနာဂါထာတော်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment