31 May, 2015

ပဋ္ဌာန်းတရားနာကြားရန်အတွက်နတ်ဗြဟ္မာများအားဖိတ်ကြားလွှာ

သုဒုလ္လဘ တရောဒါနိ ဝိမှယော ဘော သမုဗ္ဘဝိ။
အဘိဓမ္မဘေရီ  ဘာတိ သာဓုမနောနုရဉ္ဇနီ။

ဘော   စကြဝဠာအနန္တတွင်  တည်နေကိန်းအောင်း
အိုနတ်ဗြဟ္မာအပေါင်းတို့
ဒါနိ ဣဒါနိ  ပဋ္ဌာန်းဒေသနာ ရွတ်ဖတ်ရန် အချိန်ရောက်လာ ဤအခါ၌
သုဒုလ္လဘတရော ဗုဒ္ဓုပ္ပါဒေါ ဒုလ္လဘောနှင့် ကြုံသောကာလ သာသနာ့ချိန်အခါကို ကြုံလာတွေ့မှ  ရခဲရ၍ အလွန်တရာ ရခဲလှစွာသော                                                                         ဝိမှယော  ခက်ခဲသဘော နက်နဲသောနှင့် ဟုတ်သောမှန်သော ရှင်ပင်ဟောမှ သိသောအရာ လွန်စွာသိမ်မွေ့ ပကတေ့သဘော စပ်ယှဉ်နှော၍ အံ့သြဖွယ်လည်း ကောင်းပေထသော
အဘိဓမ္မဘေရီ  သဘာဝကျုံးခြုံ အလုံးစုံကို ဖုံဖုံခွဲထား ပိုင်းဖြတ်ခြားဖြင့် ဘုရားဇိနော် ဟောမိန့်ဖော်သည့်ဒေသနာတော်ဥက္ကဌ် အဘိဓမ္မာ တရားမြတ်ကို ဟောအပ်ခဲ့ရာ ချိန်အခါနှင့် လွန်စွာတူပြီး
အဘိဓမ္မာတရားစည်ကြီးသည် သမုဗ္ဘဝိ   ဖြစ်ထွန်းပေါ်ပေါက်တော်မူ လာခဲ့ပေပြီ သာဓုမနောနုရဉ္ဇနီ  သူတော်စင်စိတ်နှလုံးကို ယူကျုံးနှစ်ခြိုက် တိုက်ရိုက်ဖြစ်စေနိုင်လေ့ရှိသော အဘိဓမ္မဘေရီ          အဘိဓမ္မာတရားစည်ကြီးသည် ဘာတိ လူ့ပြည်လောက လူ့ဌာန၌ ဓမ္မနက်ခေါင် တရားရောင်ဖြင့် ပြောင်ပြောင်ဝင်းဝင်း ထွန်းလင်း
တောက်ပ၍ နေပါပြီတကား။
             
သဒ္ဓမစာရဒေဝါနံ နိမန္တေမ သဂါရဝါ ။
မောဒမာနာ အာဂစ္ဆ န္တု သုဏန္တု  ဓမ္မမုတ္တမံ
သဒ္ဓမ္မစာရ ဒေဝါနံ  သူတော်စဉ်များ ကျင့်ကြံပွားသည့် တရားနက်ခေါင် မြိုက်လက်ဆောင်ကိုကျင့်ဆောင်နိစ္စ ကြိုးကုတ်ကြသည့် ဒေဝ ဒေဝါ နတ်ဗြဟ္မာတို့အား သဂါရဝါ  သူတော်ချင်းချင်း သတင်းလွေ့လွေ့ ပေါင်းသင်းလေ့ဖြင့် မမေ့အပ်သူ မိတ်စစ်ဟူ၍                           ကြည်ဖြူစိတ်ရင်း ရိုသေခြင်းရှိကြကုန်လျက်
နိမန္တေမ ဘောဇဉ်မြိုက်ခဲ ဓမ္မပွဲကို လက်တွဲရွှင်ပြုံး တူနှလုံးဖြင့် သုံးဆောင်လိုက်ပါ စိတ်စောစွာဖြင့် မှာတော်စာသား ဂါထာပါးလျက် ဖတ်ကြားနိုင်ကြပါကုန်၏ မောဒမာနာ ဓမ္မမိတ်ဆွေ တို့တစ်တွေကို ဖိတ်ပေကုန်၏ ဂွမ်းဆီထိသို့ ပီတိရွှမ်းစို နှစ်လိုဝမ်းမြောက်ကြကုန်သည်ဖြစ်၍ အာဂစ္ဆန္တု ဓမ္မစည်ကြီး သောင်းတိုက်ဟီးအောင် ရိုက်တီးနေကြ ဤဒေသသို့ တေဇတက်ဖြိုး                               လက်တန်ခိုးဖြင့် ထက်မိုးဝဋ္ဌာ သောင်းစကြာမှ စောစွာခဏ လာရောက်တော်မူကြပါကုန်လော့
ဥတ္တမံ သုတ္တန် ဝိနယ ပိဋကတ်ထက် အဓိကကဲချွန်သာလွန်မြင့်မြတ်ပေ ထသော ဓမ္မံ ဂမ္ဘီရ ဂမ္ဘီရာ အဘိဓမ္မာ ပဋ္ဌာန်းဒေသနာကို
သုဏန္တု သမ္ပဇဉ်သတိ ကိုယ်စီရှိ၍ သမာဓိဂုဏ် စွဲမြဲထုံလျက် အာရုံတပါးစိတ်မသွားဘဲထောင်နားစိုက်တော်မူကြစေကုန်သတည်း။

No comments:

Post a Comment