04 October, 2015

ပဲခူးဆရာတော် အရှင်တေဇောသာရ တရားသိမ်းဂါထာတော်

   ဒေသိတောမေ အယံဓမ္မော - ဗုဒ္ဓေန အဇ္ဇဘာသိတော
  တေနသဗ္ဗေ သုခါယန္တု - ဇနာဣဋ္ဌ သမင်္ဂိနော
 
  ဗုဒ္ဓေန အရဟံတစ်ဆူ သယမ္ဘူဂိုဏ်း တုနှိုင်းမမြင်
  ဂေါတမ ဘုရားရှင်သည် အဇ္ဇဘာသိတော ဌာန်
  ကရိုဏ်း ပယတ် ပြတ်ပြတ်သားသား ထိခိုက်ရွတ်ဆို၍
  ဟောကြားအပ်သော အယံဓမ္မော ( * * * ) ဓမ္မကထာ
  ဒေသနာတော်မြတ်ကို မေ မယာ ငါသည် ဒေသိတော
  တို့ဒကာ ဒကာမတွေ သိစေ မှတ်စေ ကျင့်ကြံနိုင်ကြ
  ပါစေ ဤအနေဖြင့် ကောင်းစွာမသွေ ဟောကြားတော်မူခဲ့
  ပါပေပြီ တေန ထိုသို့ ဆည်းပူး ဓမ္မဒါန ဓမ္မဿဝန
  ဘာဝနာမယ ပုညကိရိယ ကုသိုလ်ထူးကြောင့်
  သဗ္ဗေ ကြွင်းမဲ့ ဥဿုံ အလုံးစုံကုန်သော ဇနာ
  တရားနာရောက်လာ ပေါင်းများစွာတို့သည်
  ဣဋ္ဌသမင်္ဂိနော မိမိတို့ အသီး အသီး အလိုရှိအပ်
  တောင့်တအပ်သော ဣဋ္ဌမင်္ဂလာ ကျက်သရေ အဖြာဖြာ
  တို့နှင့် ပြည့်စုံကြကုန်သည်ဖြစ်၍ သုခါယန္တု ယနေ့ကစ
  နိဗ္ဗာန်ရောက်ကြသည့် ဘဝတိုင်အောင် စိတ်ရွှင်လန်း၍
  ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ရှိတော်မူနိုင်ကြပါစေ
  ကုန်သတည်း။

No comments:

Post a Comment