30 October, 2016

ဓမ္မကထိကသိကောင်းစရာများ အပိုင်း { ၁ } Unicode

ဓမ္မကထိကသိကောင်းစရာများ
အပိုင်း { ၁ }

ဓမ္မကထိက အင်္ဂါ ၅ ပါး
    ၁။  ဒါနကထာ၊ သီလကထာ၊ သဂ္ဂကထာ၊ စသော အနုပုဗ္ဗိကထာကို
( ကထာအစဉ်ကို ) ဟောရမည်။

    ၂။  ထိုထိုအကျိုး၏ အကြောင်းကို ဖော်ပြ၍ဟောရမည်။

    ၃။  ကရုဏာ ရှေ့ထား၍ ဟောရမည်။

   ၄။  ဓမ္မပူဇာဝတ္ထု ၊ အနာဂတ်ဒါနဝတ္ထု စသော အာမိသကိုမငဲ့ဘဲ ဟောရမည်။

  ၅။  မိမိ သူတစ်ပါးကို မထိပါးဘဲ ဟောရမည်။
 
  ဤရည်ရွယ်ချက် ငါးပါးဖြင့် ဟောကြားခြင်း
သည် ဓမ္မကထိက အင်္ဂါငါးပါး ဖြစ်သည်။

( ၁ ) အနုပုဗ္ဗိကထံ ကထေဿာမီတိ ပရေသံ
ဓမ္မော ဒေသေတဗ္ဗော။
( ၂ ) ပရိယာယ ဒဿာဝီ ကထံ ကထေဿာမီတိ ပရေသံ ဓမ္မော ဒေသေတဗ္ဗော။
( ၃ ) အနုဒ္ဒယာတံ ပဋိစ္စ ကထံ ကထေဿာမီတိ
ပရေသံ ဓမ္မော ဒေသေတဗ္ဗော။
( ၄ ) န အာမိသန္တရော ကထံ ကထေဿာမီတိ
ပရေသံ ဓမ္မော ဒေသေတဗ္ဗော။
( ၅ ) အတ္တာနဉ္စ ပရဉ္စ အနုပဟစ္စ ကထံ
ကထေဿာမီတိ ပရေသံ ဓမ္မော ဒေသေတဗ္ဗော ၊
န ခေါ အာနန္ဒ သုကရံ ပရေသံ ဓမ္မံ ဒေသေတုံ ၊
ပရေသံ အာနန္ဒ ဓမ္မံ ဒေသေန္တေန
ဣမေ ပဉ္စဓမ္မေ အဇ္ဈတ္တံ ဥပဋ္ဌာပေတွာ ပရေသံ
ဓမ္မော ဒေသေတဗ္ဗော။
         { အံ/၅ / ၁၆၂ }  { ဥဒါယီသုတ္တံ }

( ဆောင်ပုဒ် )
ကထာစဉ်ကာ ၊ ကြောင်းပြကာနှင့် ၊
ကရုဏာရှိခဲ့ ၊ လာဘ်မငဲ့တည့် ၊
ကိုယ်နဲ့သူအား ၊ မထိပါးသည် ၊
တရားဟောသူ အင်္ဂါတည်း ။

      ( ၁ ) ကထာစဉ်ဟူသည်ကား
၁။ ဒါနကထာ  ရှေ့ဦးစွာဒါနတရားကို ဟောကြားခြင်း။
၂။ သီလကထာ ထို့နောက် သီလကို
ဟောကြားခြင်း။
၃။ သဂ္ဂကထာ  ထို့နောက် ဒါန သီလတို့၏ အကျိုးကိုပြ၍ နတ်ပြည်ရောက်ပုံကို
ဟောကြားခြင်း။
၄။ ကာမာနံ အာဒီနဝကထာ လူ့ပြည် နတ်ပြည် စည်းစိမ်ချမ်းသာ ကာမဂုဏ်တို့၏ အပြစ်ကို ဟောကြားခြင်း။
၅။ နိက္ခမေ အာနိသံသကထာ ကာမဂုဏ်မှ
ရှောင်ခွာခြင်း ၊ ထွက်ခွာခြင်း၏
အကျိုးကျေးဇူးကို ဟောကြားခြင်း။
၆။ စတုသစ္စဒေသနာကထာ သစ္စာလေးပါးတရားကို ဟောကြားခြင်း။

ဤအစဉ်ခြောက်ပါးကို ဟောကြားခြင်းသည် ကထာအစဉ်အတိုင်း ဟောခြင်းမည်၏။

( ၂ ) အကြောင်းကိုပြ၍ ဟောကြားခြင်းဟူသည်
ဒုဂ္ဂတိမှလွတ်ကြောင်း ၊ သုဂတိသို့ရောက်ကြောင်း၊ စည်းစိမ်ချမ်းသာရကြောင်း၊ ပစ္စုပ္ပန် တမလွန် ဘေးရန်ကင်းကြောင်း ချမ်းသာကြောင်း၊ သံသရာဝဋ်ဒုက္ခမှ ကင်းလွတ်ကြောင်း
အစရှိသော လောကီလောကုတ္တရာ
ချမ်းသာခြင်း၏ အကြောင်းတို့ကို ဖော်ပြ၍ ဟောကြားခြင်းတည်း ။

( ၃။ ) ကရုဏာကို အစွဲပြု၍ ဟောခြင်းဟူသည်
တရားနာသူတို့သည် အကုသိုလ်တွေများနေရှာကြသည်။ ကုသိုလ်အားနည်းရှာကြသည်။ ပမာဒတရား လွှမ်းမိုးခံနေရရှာကြသည်
စသည်ဖြင့် တရားနာသူအပေါ် သနားကရုဏာရှေ့ထား၍ ကုသိုလ်တရားပွားများ၍ အပ္ပမာဒတရား လက်ကိုင်ထားနိုင်ရန်၊ တရားထူးရရှိနိုင်ရန် ဟောကြားခြင်းတည်း။

( ၄ ) အာမိသကိုမငဲ့ဘဲ တရားဟောခြင်းဟူသည်
အလှူဝတ္ထု လှူသည်ဖြစ်စေ၊ မလှူသည်ဖြစ်စေ တရားသိစေရေးကိုသာ ရှေ့ရှု၍ ဟောကြားခြင်း
တည်း။ အနာဂတ် လာဘ်မငဲ့ခြင်း၊
ပူဇော်သက္ကာရ၊ လာဘသက္ကာရသိလောက
( နာမည်ကျော်ကြားခြင်း ) စသည်ကို
မငဲ့ခြင်းလည်း ပါဝင်၏။

( ၅ ) မိမိသူတစ်ပါး မထိပါးဘဲ တရားဟောခြင်း
ဟူသည် မိမိနှင့် မိမိဆိုင်ရာကို မြှောက်ပင့်၍ သူတစ်ပါးနှင့် သူတစ်ပါးဆိုင်ရာကို နှိမ်ချ၍
မဟောဘဲ တရားသဘော အရှိအတိုင်းကိုသာ
ရိုးရိုးဟောကြားခြင်းတည်း။

ဓမ္မကထိက မည်နိုင်ရန် တရားဟောပုံ
အခြင်းအရာကား

ခန္ဓာငါးပါးကို ငြီးငွေ့ခြင်းငှါ တပ်မက်မှု
ကင်းခြင်းငှါ ချုပ်ငြိမ်းခြင်းငှါ တရားကို ဟောကြားပါက ဓမ္မကထိကပုဂ္ဂိုလ်
ခေါ်ဆိုထိုက်၏။
    { ခန္ဓ/သံ/ ပါ/ ၁၃၃/ ဓမ္မကထိကသုတ္တံ။ }

စက္ခု သောတ ဃာန ဇိဝှါ ကာယ မန ဤအဇ္ဈတ္တိကာယတန ၆ပါးကို ငြီးငွေ့အောင်၊ တပ်မက်ခြင်းကင်းအောင်၊ ချုပ်ငြိမ်းအောင် တရားဟောကြားပါက ဓမ္မကထိကပုဂ္ဂိုလ် ခေါ်ဆိုထိုက်၏။
  { သဠာယတန/သံ/ပါ/၃၅၃/ဓမ္မကထိကသုတ္တံ။ }

ဇာတိ ဇရာ မရဏကို ဘ၀ ဥပါဒါန် တဏှာ
ဝေဒနာ ဖဿ သဠာယတန ရုပ်နာမ် ဝိညာဏ် သင်္ခါရ အဝိဇ္ဇာကို ငြီးငွေ့ခြင်းငှါ တပ်မက်ခြင်း
ကင်းစေခြင်းငှါ ချုပ်ငြိမ်းခြင်းငှါ တရားကိုဟော၏။ ယင်းသို့ ဟောပါက ဓမ္မကထိကခေါ်ဆိုထိုက်၏။
      { နိဒါန/သံ/ပါ/ ၂၅၈/ ဓမ္မကထိကသုတ္တံ။ }

အဘိဓမ္မာတရားကို ဟောကြားမှ
ဓမ္မကထိကပုဂ္ဂိုလ်ခေါ်ဆိုထိုက်၏။
    { အဋ္ဌသာလိနီ / ၃၀/ဟံသာဝတီမူ }

ဆောင်ပုဒ်
ခန္ဓာငါးပါး ၊ ငြီးငွေ့သွားအောင် ၊
ဟောကြားတတ်ပေ ၊ စွမ်းနိုင်ပေ၊
မှတ်လေ ဓမ္မကထိက။
အဇ္ဈတ္တိက၊ အာယတနခြောက်ပါး၊
ငြီးငွေ့သွားအောင်၊ ဟောကြားတတ်ပေ၊
စွမ်းနိုင်ပေ၊ မှတ်လေ ဓမ္မကထိက။
ပဋိစ္စတရား ၊ ငြီးငွေ့သွားအောင်၊
ဟောကြားတတ်ပေ ၊ စွမ်းနိုင်ပေ၊
မှတ်လေ ဓမ္မကထိက။
အဘိဓမ္မာတရား၊ သိထင်ရှားအောင်၊ ဟောကြားတတ်ပေ ၊ စွမ်းနိုင်ပေ၊
မှတ်လေ ဓမ္မကထိက။

မြတ်စွာဘုရားသည် အဘယ်သို့သော
အခြင်းအရာအားဖြင့်
တရားဟောကြားသနည်းဟူမူကား။

( ၁ ) သုတ်တရားတော်
မင်္ဂလသုတ်စသည်ဖြင့် သုတ်တစ်ခုပြု၍
ဟောကြားတော်မူသည်။

( ၂ ) ဂေယျတရားတော်
ဂါထာပါသော ( ဂါထာနှင့်တကွ ) 
သုတ်တစ်ခုပြု၍ ဟောကြားတော်မူသည်။
( သဂါထာဝဂ္ဂ သံယုတ်စသည်။ )

( ၃ ) ဝေယျာကရဏ တရားတော်
ဂါထာမပါ စုဏ္ဏိယသက်သက်ဖြင့်
ဟောကြားတော်မူသည်။

( ၄ ) ဂါထာ တရားတော်
ဂါထာသက်သက် သီးသန့်အားဖြင့်
ဟောကြားတော်မူသည်။
( ဓမ္မပဒ စသည်။ )

( ၅ ) ဥဒါန်းတရားတော်
သောမနဿဉာဏ်အစွမ်းကြောင့်
ဝမ်းမြောက်တော်မူ၍ ဥဒါန်းကျူးရင့်
ဟောကြားတော်မူသည်။

( ၆ ) ဇာတက ( ဇာတ်ဝတ္ထု ) တရားတော်
အတိတ်ဇာတ်ကြောင်းကို ဟောကြားတော်မူသည်။

( ၇ ) အဗ္ဘုတ တရားတော်
အံ့သြဘနန်း ထူးဆန်းသော အကြောင်းအရာ
နှင့် စပ်၍ ဟောကြားတော်မူသည်။

( ၈ )  ဝေဒလ္လ တရားတော်
နှစ်သက်ဝမ်းမြောက်ခြင်းကို ရကြကုန်၍
မေးမြန်းသော အကြောင်းအရာနှင့်စပ်၍ ဟောကြားတော်မူသည်။

( ၉ ) ဣတိဝုတ္တကတရားတော်
ခုဇ္ဇုတ္တရာထေရီမသည် ဗုဒ္ဓဟောကြားပုံကို
ပြန်လည်၍ ဟောကြားသော တရားဖြစ်သည်။
ဤကား မြတ်စွာဘုရား တရားဟောကြားပုံ
ကိုးမျိုးတည်း။

      တစ်နည်းသော်ကား
မြင်းတို့ကို လေ့ကျင့်သင်ကြား နည်းပြဆရာကြီး ကေသိ မည်သောပုဏ္ဏားကြီး မြတ်ဗုဒ္ဓထံသို့
ရောက်လာသောအခါ မြင်းတို့အား ဆုံးမသင်ပြပုံ
ကို ဗုဒ္ဓမြတ်စွာသည် မေးမြန်းရာ၌ အောက်ပါအတိုင်းလျှောက်ထားလေ၏။

( ၁ ) အနုနည်းဖြင့် ချော့မော့ ဆုံးမရပါသည်။
( ၂ ) အကြမ်းနည်းဖြင့် ဆုံးမရပါသည်။
( ၃ ) အနု အကြမ်း နှစ်မျိုးဖြင့်လည်း ဆုံးမရပါသည်ဟု လျှောက်ထား၏။

ထိုအခါ မြတ်ဗုဒ္ဓသည် ဤနည်းသုံးနည်းဖြင့်
ဆုံးမ မရခဲ့သော် အဘယ်သို့ ဆုံးမရပါသနည်း
ဟု မေးတော်မူ၏။ ဤနည်းသုံးနည်းဖြင့်
ဆုံးမ မရသောမြင်းကို တပည့်တော် အဆုံးစီရင် (သတ်ပစ်) လိုက်ပါသည်ဘုရားဟု ပြန်လည်၍ လျှောက်ထား၏။

{ မှတ်ချက်   ဤဆရာကြီး ဆုံးမ မရတဲ့ မြင်းရှိ
သေးသည်ဟု စကားတင်စီး ကဲ့ရဲ့မည်ဆိုး၍
ယင်းသို့ စီရင်သည် ဟူလို။ }

      ထိုအခါမှာ ကေသိမြင်းဆရာကြီးက
တဖန်ပြန်လည်၍ လျှောက်ထား၏ ။
မြတ်စွာဘုရားသည်လည်း သတ္တဝါတို့ကို
ယဉ်ကျေးလိမ္မာအောင် အဘယ်သို့ ဆုံးမတော်မူပါသနည်းဟု မေးမြန်းတော်မူ၏။
   ထိုအခါ မြတ်ဗုဒ္ဓက ပုဏ္ဏားကြီး သင် ဆုံးမသကဲ့သို့ ငါသည်လည်း နည်းသုံးနည်း
ဖြင့်သာ ဆုံးမပေ၏။

( ၁ ) ကုသိုလ်တရား ၊ ထိုကုသိုလ်၏
အကျိုးတရားကိုပြ၍ အနုနည်းဖြင့် ဆုံးမခြင်း။
( ၂ ) အကုသိုလ်တရား ၊ ထိုအကုသိုလ်၏ အကျိုးတရားကိုပြ၍ အကြမ်းနည်းဖြင့် ဆုံးမခြင်း။
( ၃ ) ယင်းနှစ်မျိုးလုံးကိုပြ၍ အနု အကြမ်းနည်း
ဖြင့် ဆုံးမပေ၏ဟု မိန့်ကြားတော်မူလေသည်။

          ထိုအခါ ကေသိပုဏ္ဏားကြီးက ဤသုံးမျိုးဖြင့် ဆုံးမ၍မရခဲ့သော် အသို့
ဆုံးမတော်မူပါသနည်းဟု လျှောက်ထား
မေးမြန်းလေ၏။ မြတ်ဗုဒ္ဓသည် ဤသုံးနည်းဖြင့် ဆုံးမ မရသော သတ္တဝါကို ငါတို့သည်
အဆုံးစီရင် ( သတ်ပစ် ) လိုက်သည်ဟု
မိန့်တော်မူ၏။
         ကေသိပုဏ္ဏားကြီးက အရှင်ဘုရား
အရှင်ဘုရားတို့အား သတ်ဖြတ်ခြင်းအမှုသည်
မလျောက်ပတ် မလျော်ကန်သည်မဟုတ်ပါလော
ဟု လျှောက်ထားလေရာ ဗုဒ္ဓသည် ပုဏ္ဏားကြီး ဆိုဆုံးမ၍ မရသောသူကို မည်သည့်အဆုံးအမကိုမျှ မပေးတော့ဘဲ လျစ်လျူရှု
ပစ်ထားခြင်းကို သူတော်ကောင်းတို့၏
အဆုံးစီရင်မှု သတ်ပစ်မှု ဖြစ်၏ဟု မိန့်တော်မူ၏။

    ဘုရား၊ ရဟန္တာ ၊ အရိယာသူတော်ကောင်း၊
မိဘ ဆရာတို့က ဆိုဆုံးမမှု မပြု သင့်ထိုက်နှင့်
သင့်ကံ ဖြစ်ချင်ရာဖြစ်ဟု အပယ်ခံ အပစ်ခံရသောသူသည် ကောင်းကျိုးချမ်းသာ ပျက်ပြုန်း၍ အသက်ရှင်လျက် သေဆုံးသူမည်သတည်း ။

  ဤကား မြတ်ဗုဒ္ဓ၏ တရားဟောကြားပုံ
နည်းသုံးမျိုးတည်း။

ထိုမှတစ်ပါး မြတ်ဗုဒ္ဓသည် အထူးထူးအပြားပြား ဆန်းကြယ်သောနည်းတို့ဖြင့်လည်း
တရားဒေသနာတော်ကို ဟောတော်မူ၏။

( ၁ ) အကျဉ်းနည်းအားဖြင့်ဟောခြင်း
မြတ်ဗုဒ္ဓသည် လိုရင်အဓိပ္ပါယ်ကို အကျဉ်းချုပ်၍ ဟောကြားတော်မူ၏။ ဗာဟိယဒါရုစိမထေရ်အား
ဒိေဋ္ဌ ဒိဋ္ဌမတ္တံ ဘဝိဿတိ စသည်ဖြင့်
အကျဉ်းနည်းဟောကြားတော်မူ၏ ။
ဘဒ္ဒေကရတ္တ ဂါထာ အကျဉ်းချုပ်ကို
အရှင်သမိဒ္ဓိမထေရ်အား ဟောကြားတော်မူ၏။
အဘိဓမ္မာ မာတိကာပါဠိတော်ကို
အကျဉ်းဥဒ္ဒေသထား၍ ဟောကြားတော်မူ၏။
အရှင်သာရိပုတြာမထေရ်မြတ်အား
အဘိဓမ္မာ ခုနှစ်ကျမ်းကို အကျဉ်းအားဖြင့် ဟောကြားတော်မူ၏။

(၂ ) အကျယ်အားဖြင့်ဟောခြင်း
အကျဉ်းပြအပ်ပြီးသော တရားတို့ကို ထပ်မံပြီး အကျယ်ချဲ့ဖွင့်ဆို၍ ဟောကြားတော်မူ၏။ အဘိဓမ္မာ ဝိဘင်းပါဠိတော် စသည်ကား
အကျယ်ချဲ့၍ ဟောအပ်သော ပါဠိတော်များပေတည်း။

( ၃ ) အကျဉ်း အကျယ်နည်းအားဖြင့်ဟောခြင်း
ဦးစွာပထမ အကျဉ်းဟော၍ ဒုတိယ အကျယ်ချဲ့ကာဟောတော်မူ၏။အဂုၤတ္တိုရ်ပါဠိ ပဉ္စကနိပါတ်
ဒုက္ကထာသုတ္တံ၌ မကောင်းသဖြင့် ဆိုအပ်သောစကား ငါးပါး။ ( ဒုက္ကထာ ငါးပါး )
သုကထာ ငါးပါး အကျဉ်းသရုပ်ကို
ဟောတော်မူ၏။ ထိုသုတ်နှင့်အလားတူ
သုတ်များကိုလည်း သင်္ခေပ ဝိတ္တာရ
( အကျဉ်းအကျယ် ) ဒေသနာနည်းအားဖြင့် ဟောကြားတော်မူ၏။
                  { အံ/၅/ပါ/၁၅၉/၁၆၁ }

( ၄ ) အကျဉ်း အကျယ်ကို ထပ်ဆင့်၍
       အကျယ်ဟောခြင်း
ဦးစွာပထမ အကျဉ်းကို ဟောတော်မူ၏။
ဒုတိယ အကျယ်ကို ဟောတော်မူ၏။
တတိယ အကျယ်ကိုပင် ထပ်ဆင့်ချဲ့၍ ဟောကြားတော်မူ၏။ အဂုၤတ္တိုရ်ပါဠိ ဆက္ကနိပါတ်
ဆဠင်္ဂသုတ္တံ၌
ပထမ ဝေဠုကဏ္ဍကရွာသူ နန္ဒမာတာသည်
အရှင်သာရိပုတ္တရာ ၊ အရှင်မဟာမောဂ္ဂလာန် အမှူးပြုသော သံဃာတော်တို့အား ဆဠင်္ဂဒါန ပြုသင့်ကြောင်းကို ဗုဒ္ဓသည် ဒိဗ္ဗစက္ခုဖြင့်
မြင်တော်မူပုံအကျဉ်းကို ဟောတော်မူ၏။
ဒုတိယ ဆဠင်္ဂဒါန၏ အင်္ဂါခြောက်ပါးကို ချဲ့၍
ဟောတော်မူ၏။ တတိယ ဒါယကာ၏ အင်္ဂါသုံးချက်၊ အလှူခံ၏ အင်္ဂါ သုံးချက်ကို
ထပ်မံချဲ့၍ ဟောတော်မူ၏။ ထိုသုတ်နှင့်
အလားတူ သုတ်များကိုလည်း သင်္ခေပ ဝိတ္တာရ အနုဝိတ္တာရဒေသနာအစဉ်ဖြင့် တန်ဆာဆင်၍ ဟောကြားတော်မူ၏။
   { အံ/၆/ပါ/ဆဠင်္ဂဒါနသုတ္တံ/၂၉၅ -၂၉၆ }

( ၅ ) ဖြေဆို၍ဟောခြင်း
မေးမြန်းလျှောက်ထားအားသော ပုစ္ဆာ
အားလျှော်စွာ အဖြေဝိသဇ္ဇနာထုတ်၍
ဟောကြားတော်မူ၏။ အဂုၤတ္တိုရ်ပါဠိတော် ပဉ္စကနိပါတ် သုမနသုတ္တံ ၌ သုမနာမင်းသ္မီးသည် မြတ်ဗုဒ္ဓအား ဤသို့ မေးမြန်းလျှောက်ထား၏။ သဒ္ဓါ ၊သတိ၊ပညာ တူမျှသော မြတ်ဗုဒ္ဓ၏ တပည့့်နှစ်ဦးတွင် တစ်ဦးသည် အလှူဒါနပြု၏။
တစ်ဦးသည် မပြု။ ထိုပုဂ္ဂိုလ်နှစ်ဦး၏ ထူးခြားချက်ကား အဘယ်သို့ပါနည်းဘုရား။ မြတ်ဗုဒ္ဓသည် ထိုအမေးပုစ္ဆာအားလျှော်စွာ ထိုပုဂ္ဂိုလ်နှစ်ဦး၏ ထူးခြားချက်ကို ဟောကြားတော်မူ၏။
ထိုသုတ်နှင့်အလားတူသော သုတ်တို့ကိုလည်း ပုစ္ဆာနုရူပဒေသနာဖြင့် ဟောကြားတော်မူ၏။
         { အံ/၅/ပါ/သုမနသုတ္တံ။ }

( ၆ ) အမေးအဖြေ ယှဉ်တွဲ၍ဟောခြင်း
မြတ်ဗုဒ္ဓသည် တရားနာပုဂ္ဂိုလ်တို့အား မေး၍ တရားနာပုဂ္ဂိုလ်တို့ကိုပင် ပြန်လည်ဖြေကြားစေလျက် ပုစ္ဆာ ဝိသဇ္ဇနာယှဉ်တွဲပါဝင်သော
တရားတော်ကို ဟောကြားတော်မူ၏။
ဝိနည်းပါဠိတော် မဟာဝဂ် အနတ္တလက္ခဏသုတ္တံ
၌  ရူပံ ဘိက္ခေ၀ နိစ္စံဝါ အနိစ္စဝါတိ  ဟု
မြတ်ဗုဒ္ဓ မေး၍ အနိစ္စံ ဘန္တေ ဟု ပဉ္စဝဂ္ဂီတို့ကဖြေကြားကြသည်။ ထို့နောက် အနိစ္စဖြစ်ပုံကို
မြတ်ဗုဒ္ဓသည် ဆက်လက်ဟောကြားတော်မူ၏။ ဤနည်းဖြင့် အမေးအဖြေပါဝင်သော တရားဒေသနာတော်ကို ဟောကြားတော်မူ၏။
ထိုသုတ်နှင့်အလားတူသော သုတ်တို့ကိုလည်း
ပုစ္ဆာ ဝိသဇ္ဇနာ ယှဉ်တွဲပါဝင်စေလျှက်
ဟောကြားတော်မူ၏။

( ၇ ) အမေးစကားချီ၍ ဟောတော်မူခြင်း
မြတ်ဗုဒ္ဓသည် ထိုထိုသုတ် အဘိဓမ္မာ ပါဠိတော်
တို့၌ မိမိဘာသာ မေးခွန်းစကားဖြင့် စတင်၍ လိုအပ်သော တရားစကားတို့ကို ဖြေဆိုဟော
ကြားတော်မူ၏။ အဂုၤတ္တိုရ်ပါဠိတော် ပဉ္စကနိပါတ် အက္ခမသုတ္တံ၌ ကထဉ္စ ဟူသော မေးခွန်းကို
အစချီ၍ မေးခွန်းပုစ္ဆာဆင်တော်မူ၍ ဟောကြားတော်မူ၏။ ရူပ၊ သဒ္ဒ၊ ဂန္ဓ၊ ရသ၊ ဖောဋ္ဌဗ္ဗတို့ကို သည်းမခံနိုင်ပုုံ၊ ကြံ့ကြံ့မခံနိုင်ပုံကို ဟောကြား
တော်မူ၏။
       { အံ/၅/ပါ/အက္ခမသုတ္တံ/၁၃၈။ }

ကတမာနိ.ကတမေဟိ.ကတမောပန စသည်ဖြင့် အမေးစကားချီ၍ ဟောကြားသောသုတ်တို့သည် များစွာရှိကုန်၏။ အဘိဓမ္မာပါဠိတော်၌
ကတေမေ ဓမ္မာ ကုသလာ ဟု မေးခွန်းကိုအစချီ၍ ကုသိုလ်တရားကို ထုတ်ဖော်ဟောကြားတော်မူ၏။  ကတမော တသ္မိံသမယေ ဖေဿာ ဟောတိ ဟု မေးခွန်းကိုအစချီ၍ ဖဿတရား၏ သရုပ်ကို
ဆက်လက်ဟောကြားတော်မူ၏။ ဤသို့စသည်ဖြင့် အဘိဓမ္မာပါဠိတော်၌ မေးခွန်းကိုအစချီ၍ လိုအပ်သောတရားကို ဌာနများစွာ၌ ဟောကြားတော်မူ၏။
                  { အဘိ/ပါ/၁/၁၇ . ၈ ။ }

( ၈ ) ဘုရားနှစ်ဆူ အမေးအဖြေပြု၍ဟောကြားခြင်း
ပကတိမြတ်ဗုဒ္ဓသည် နိမ္မိတဘုရားရှင်နှင့်
အမေးအဖြေပြု၍ ခက်ခဲနက်နဲသိမ်မွေ့သော တရားတော်ကို ဟောကြားတော်မူ၏။ မဟာသက္ကရာဇ် ၁၀၉ ခုနှစ် ၊ ဝါဆိုလပြည့်နေ့ ၊
( မြတ်ဗုဒ္ဓ ၆ ဝါ ရရှိသောအခါ ) မြတ်ဗုဒ္ဓသည် သာဝတ္ထိပြည် ကဏ္ဍသရက်ပင်အနီး၌ ယမိုက်ပြာဋိဟာကို ပြတော်မူရာ ရောက်ရှိလာသော ဘုရားရှင်နှစ်ဆူတို့ အံ့ဖွယ်တော် ယမိုက်ပြာဋိဟာ တန်ခိုးပြတော်မူ၏။
ဘုရားရှင်နှစ်ဆူတို့သည် အပြန်အလှန်
အမေးအဖြေပြု၍ နက်နဲသိမ်မွေ့သော
တရားတော်ကို ဟောကြားတော်မ၏။
ဤဒေသနာတော်မျိုးကား အလွန်တွေ့ကြုံခဲသော ဒေသနာမျိုးပေတည်း။
                { ဓမ္မပဒ/ ဋ္ဌ/ဒု/၁၄၀။  }

( ၉ ) သင့်လျှော် သက်ဆိုင်သော
တန်ခိုးဖန်ဆင်းတော်မူ၍ ဟောခြင်း

ဟောကြားမည့်တရားတော်နှင့် သင့်လျော်သော တန်ခိုးဖန်ဆင်းတော်မူ၍ တရားနာပုဂ္ဂိုလ်
သန္တာန်၌ရှိသော မာန စသည်ကို ပယ်ဖျောက်၍ တရားတော်ကို ဆက်လက်ဟောကြားတော်မူ၏။ ထိုဒေသနာတော်ကား

ခေမာမိဖုရားချွတ်ခန်း၊ ရူပနန္ဒာထေရီ
ချွတ်ခန်းတို့၌ ထင်ရှား၏။ အလွန်လှပသော အပျိုစင်တစ်ယောက် ယပ်ခပ်နေပုံ၊
တဖြည်းဖြည်း အိုသွားပုုံ ၊ လူနာဖြစ်လာပုုံ၊ သေဆုံးသွားပုံကို ဖန်ဆင်းပြပြီးမှ
တရားဟောကြားတော်မူ၏။
        စူဠပန်ရဟန်းကိုလည်း
ဖြူစင်သန့်ရှင်းသော ပုဝါပိုင်း ဖန်ဆင်းပေးပြီးမှ တရားဟောကြားတော်မူ၏။
သာဝတ္ထိပြည်၌ မင်္ဂလာဦးဆွမ်းကပ်ပွဲ ကျင်းပရာ သတိုးသ္မီးသည် ဘုရားအမှူးရှိသော သံဃာတော်များအတွက် ရေစစ်ခြင်း၊ ဆွမ်းပွဲများ စီစဉ်ခြင်း
စသော ဝေယျာဝစ္စအမှုကို ပြုလုပ်လှုပ်ရှားနေ၏။  မင်္ဂလာ သတိုးသားကား သူမကိုသာ တစိမ့်စိမ့်ကြည့်ရှု့ပြီး ဝေယျာဝစ္စအမှုကို မပြုလုပ်ဘဲ
နေလေ၏။  ထိုအချိန် သတိုးသားသည် သတိုးသ္မီး၏ လက်ကိုဆွဲရန် တကဲကဲ ကြံစည်နေသဖြင့် မြတ်ဗုဒ္ဓသည် သတိုးသ္မီးကို မမြင်ရအောင် ဖန်ဆင်းလိုက်၏။ ပြီးမှ နတ္ထိ ရာဂသမော အဂ္ဂိ  ရာဂနှင့်တူသော မီးသည် မရှိ။
နတ္ထိ ဒေါသသမော ကလိ  ဒေါသနှင့်တူသော အပြစ် မရှိ။
နတ္ထိ ခန္ဓသမာ ဒုက္ခာ ...ခန္ဓာကိုယ်နှင့်တူသော
ဆင်းရဲတို့သည် မရှိကုန်။
နတ္ထိ သန္တိပရံ သုခံ ... နိဗ္ဗာန်ထက်လွန်မြတ်သော ချမ်းသာမရှိပေ။
ဤသို့တရားတော်ကို ဟောကြားတော်မူသောအခါ သတိုးသား သတိုးသ္မီး နှစ်ဦးစလုံး သောတာပန် တည်သွားကြ၏။ ထိုအခါ မြတ်ဗုဒ္ဓသည် သတိုးသ္မီးကို မမြင်အောင်ဖန်ဆင်းထားသော
တန်ခိုးတော်ကို ရုပ်သိမ်းတော်မူလေ၏။  ဤသို့လည်း လိုအပ်သော တန်ခိုးဖန်ဆင်းခြင်း
ကို ပြုတော်မူ၍ တရားဟောကြားတော်မူ၏။
              { ဓမ္မပဒ /ဋ္ဌ/ဒု/၁၆၉။ }

ဆောင်ပုဒ်
သာဝတ္ထိမှာ ၊ တစ်ချိန်ခါက၊ မင်္ဂလာဆွမ်း၊
ကပ်လှူဒါန်းသော်၊ ဆွမ်းပန်းကပ်ရာ၊
လှူဒါန်းရှာသော၊ မင်္ဂလာသတိုးသမီး၊
ရှု့မငြီးကို၊ ကြည့်ပြီးနေငြား၊
သတိုးသားကား၊ စိတ်အားကဲလွန်၊
ချစ်စိတ်မွှန်ပြီး၊ လက်လွန်ခြေလွန်၊
အနေကျွန်သို့ ၊ မူဟန်မလှ၊ ဟန်ပန်ပြသဖြင့်၊ ဗုဒ္ဓဘုရား၊ တန်ခိုးအားဖြင့်၊ မယားအလှ၊
မမြင်ရအောင် ၊ ကွယ်ပပြီး၍၊ နတ္ထိ ရာဂ၊
စသည် ဂါထာ၊ မိန့်ခွန်းဖြာသည်၊
မောင်ချစ်သာလည်း သောတာပန်၊ မယ်ချစ်သာလည်း သောတာပန် ဖြစ်ရပေသကိုး ။ ။

( ၁၀ ) ဥပမာ ( နှိုင်းယှဉ်ချက် ) ကိုပြ၍ တရားသဘော ထင်မြင်လာအောင် ဟောကြားခြင်း
ဆက်လက်၍ ဖော်ပြပါမည် ။

Ref: မူရင်းရေးသားသူ
Ashin Sādhina Myanmar

ဓမၼကထိကသိ​ေကာင္​းစရာမ်ား အပိုင္​း { ၁ }

ဓမၼကထိကသိ​ေကာင္​းစရာမ်ား
အပိုင္​း { ၁ }

ဓမၼကထိက အဂၤါ ၅ ပါး
    ၁။  ဒါနကထာ၊ သီလကထာ၊ သဂၢကထာ၊ စ​ေသာ အႏုပုဗၺိကထာကို ( ကထာအစဥ္​ကို ) ​ေဟာရမည္​။

    ၂။  ထိုထိုအက်ဳိး၏ အ​ေၾကာင္​းကို ​ေဖာ္​ျပ၍​ေဟာရမည္​။

    ၃။  က႐ုဏာ ​ေ႐ွ႕ထား၍ ​ေဟာရမည္​။

   ၄။  ဓမၼပူဇာ၀တၳဳ ၊ အနာဂတ္​ဒါန၀တၳဳ စ​ေသာ အာမိသကိုမငဲ့ဘဲ ​ေဟာရမည္​။

  ၅။  မိမိ သူတစ္​ပါးကုိ မထိပါးဘဲ ​ေဟာရမည္​။
 
  ဤရည္​ရြယ္​ခ်က္​ ငါးပါးျဖင္​့ ​ေဟာၾကားျခင္​း
သည္​ ဓမၼကထိက အဂၤါငါးပါး ျဖစ္​သည္​။

( ၁ ) အႏုပုဗၺိကထံ က​ေထႆာမီတိ ပ​ေရသံ
ဓ​ေမၼာ ​ေဒ​ေသတ​ေဗၺာ။
( ၂ ) ပရိယာယ ဒႆာ၀ီ ကထံ က​ေထႆာမီတိ ပ​ေရသံ ဓ​ေမၼာ ​ေဒ​ေသတ​ေဗၺာ။
( ၃ ) အႏုဒၵယာတံ ပဋိစၥ ကထံ က​ေထႆာမီတိ
ပ​ေရသံ ဓ​ေမၼာ ​ေဒ​ေသတ​ေဗၺာ။
( ၄ ) န အာမိသႏၱ​ေရာ ကထံ က​ေထႆာမီတိ
ပ​ေရသံ ဓ​ေမၼာ ​ေဒ​ေသတ​ေဗၺာ။
( ၅ ) အတၱာနဥၥ ပရဥၥ အႏုပဟစၥ ကထံ
က​ေထႆာမီတိ ပ​ေရသံ ဓ​ေမၼာ ​ေဒ​ေသတ​ေဗၺာ ၊
န ​ေခါ အာနႏၵ သုကရံ ပ​ေရသံ ဓမၼံ ​ေဒ​ေသတုံ ၊
ပ​ေရသံ အာနႏၵ ဓမၼံ ​ေဒ​ေသ​ေႏၱန
ဣ​ေမ ပဥၥဓ​ေမၼ အဇၥ်တၱံ ဥပ႒ာ​ေပတြာ ပ​ေရသံ
ဓ​ေမၼာ ​ေဒ​ေသတ​ေဗၺာ။
         { အံ/၅ / ၁၆၂ }  { ဥဒါယီသုတၱံ }

( ​ေဆာင္​ပုဒ္​ )
ကထာစဥ္​ကာ ၊ ​ေၾကာင္​းျပကာႏွင္​့ ၊
ကရုဏာရိွခ့ဲ ၊ လာဘ္​မငဲ့တည္​့ ၊
ကိုယ္​နဲ႔သူအား ၊ မထိပါးသည္​ ၊
တရား​ေဟာသူ အဂၤါတည္​း ။

      ( ၁ ) ကထာစဥ္​ဟူသည္​ကား
၁။ ဒါနကထာ  ​ေ႐ွ႕ဦးစြာဒါနတရားကို ​ေဟာၾကားျခင္​း။
၂။ သီလကထာ ထို႔ေနာက္​ သီလကို
​ေဟာၾကားျခင္​း။
၃။ သဂၢကထာ  ထို႔​ေနာက္​ ဒါန သီလတို႔၏ အက်ဳိးကိုျပ၍ နတ္​ျပည္​​ေရာက္​ပုံကို
​ေဟာၾကားျခင္​း။
၄။ ကာမာနံ အာဒီန၀ကထာ လူ႔ျပည္​ နတ္​ျပည္​ စည္​းစိမ္​ခ်မ္​းသာ ကာမဂုဏ္​တို႔၏ အျပစ္​ကို ​ေဟာၾကားျခင္​း။
၅။ နိကၡ​ေမ အာနိသံသကထာ ကာမဂုဏ္​မွ ​
ေ႐ွာင္​ခြာျခင္​း ၊ ထြက္​ခြာျခင္​း၏
အက်ဳိး​ေက်းဇူးကို ​ေဟာၾကားျခင္​း။
၆။ စတုသစၥ​ေဒသနာကထာ သစၥာ​ေလးပါးတရားကို ​ေဟာၾကားျခင္​း။

ဤအစဥ္​ေျခာက္ပါးကို ​ေဟာၾကားျခင္​းသည္​ ကထာအစဥ္​အတိုင္​း ​ေဟာျခင္​းမည္​၏။

( ၂ ) အ​ေၾကာင္​းကိုျပ၍ ​ေဟာၾကားျခင္​းဟူသည္​
ဒုဂၢတိမွလြတ္​​ေၾကာင္​း ၊ သုဂတိသို႔​ေရာက္​​ေၾကာင္​း၊ စည္​းစိမ္​ခ်မ္​းသာရ​ေၾကာင္​း၊ ပစၥဳပၸန္​ တမလြန္​ ​ေဘးရန္​ကင္​း​ေၾကာင္​း ခ်မ္​းသာ​ေၾကာင္​း၊ သံသရာ၀ဋ္​ဒုကၡမွ ကင္​းလြတ္​​ေၾကာင္​း
အစရိွ​ေသာ ​ေလာကီ​ေလာကုတၱရာ
ခ်မ္​းသာျခင္​း၏ အ​ေၾကာင္​းတို႔ကို ​ေဖာ္​ျပ၍ ​ေဟာၾကားျခင္​းတည္​း ။

( ၃။ ) ကရုဏာကို အစြဲျပဳ၍ ​ေဟာျခင္​းဟူသည္​
တရားနာသူတို႔သည္​ အကုသိုလ္​​ေတြမ်ား​ေန႐ွာၾကသည္​။ ကုသိုလ္​အားနည္​း႐ွာၾကသည္​။ ပမာဒတရား လႊမ္​းမိုးခံ​ေနရ႐ွာၾကသည္​
စသည္​ျဖင္​့ တရားနာသူအ​ေပၚ သနားက႐ုဏာ​ေ႐ွ႕ထား၍ ကုသိုလ္​တရားပြားမ်ား၍ အပၸမာဒတရား လက္​ကိုင္​ထားႏိုင္​ရန္​၊ တရားထူးရရိွႏိုင္​ရန္​ ​ေဟာၾကားျခင္​းတည္​း။

( ၄ ) အာမိသကိုမငဲ့ဘဲ တရား​ေဟာျခင္​းဟူသည္​
အလွဴ၀တၳဳ လွဴသည္​ျဖစ္​​ေစ၊ မလွဴသည္​ျဖစ္​​ေစ တရားသိ​ေစ​ေရးကိုသာ ​ေ႐ွ႕႐ႈ၍ ​ေဟာၾကားျခင္​း
တည္​း။ အနာဂတ္​ လာဘ္​မငဲ့ျခင္​း၊
ပူ​ေဇာ္​သကၠာရ၊ လာဘသကၠာရသိ​ေလာက
( နာမည္​​ေက်ာ္​ၾကားျခင္​း ) စသည္​ကို
မငဲ့ျခင္​းလည္​း ပါ၀င္​၏။

( ၅ ) မိမိသူတစ္​ပါး မထိပါးဘဲ တရား​ေဟာျခင္​း
ဟူသည္​ မိမိႏွင္​့ မိမိဆိုင္​ရာကို ​ေျမႇာက္​ပင္​့၍ သူတစ္​ပါးႏွင္​့ သူတစ္​ပါးဆိုင္​ရာကို ႏိွမ္​ခ်၍
မ​ေဟာဘဲ တရားသ​ေဘာ အရိွအတိုင္​းကိုသာ
႐ိုး႐ိုး​ေဟာၾကားျခင္​းတည္​း။

ဓမၼကထိက​ မည္​ႏိုင္​ရန္​ တရား​ေဟာပုံ
အျခင္​းအရာကား

ခႏၶာငါးပါးကို ၿငီး​ေငြ႕ျခင္​းငွါ တပ္​မက္​မႈ
ကင္​းျခင္​းငွါ ခ်ဳပ္​ၿငိမ္​းျခင္​းငွါ တရားကို ​ေဟာၾကားပါက ဓမၼကထိကပုဂၢိဳလ္ ​
ေခၚဆိုထိုက္​၏။
    { ခႏၶ/သံ/ ပါ/ ၁၃၃/ ဓမၼကထိကသုတၱံ။ }

စကၡဳ ​ေသာတ ဃာန ဇိ၀ွါ ကာယ မန ဤအဇၥ်တၱိကာယတန ၆ပါးကို ၿငီး​ေငြ႕​ေအာင္​၊ တပ္​မက္​ျခင္​းကင္​း​ေအာင္​၊ ခ်ဳပ္​ၿငိမ္​း​ေအာင္​ တရား​ေဟာၾကားပါက ဓမၼကထိကပုဂၢိဳလ္​ ​ေခၚဆိုထိုက္​၏။
  { သဠာယတန/သံ/ပါ/၃၅၃/ဓမၼကထိကသုတၱံ။ }

ဇာတိ ဇရာ မရဏကို ဘ၀ ဥပါဒါန္​ တဏွာ ​
ေ၀ဒနာ ဖႆ သဠာယတန ႐ုပ္​နာမ္​ ၀ိညာဏ္​ သခၤါရ အ၀ိဇၨာကို ၿငီး​ေငြ႕ျခင္​းငွါ တပ္​မက္​ျခင္​း
ကင္​းေစျခင္းငွါ ခ်ဳပ္​ၿငိမ္​းျခင္​းငွါ တရားကို​ေဟာ၏။ ယင္​းသို႔ ​ေဟာပါက ဓမၼကထိက​ေခၚဆိုထိုက္​၏။
      { နိဒါန/သံ/ပါ/ ၂၅၈/ ဓမၼကထိကသုတၱံ။ }

အဘိဓမၼာတရားကို ​ေဟာၾကားမွ
ဓမၼကထိကပုဂၢိဳလ္​​ေခၚဆိုထိုက္​၏။
    { အ႒သာလိနီ / ၃၀/ဟံသာ၀တီမူ }

​ေဆာင္​ပုဒ္​
ခႏၶာငါးပါး ၊ ၿငီး​ေငြ႕သြား​ေအာင္​ ၊ ​
ေဟာၾကားတတ္​​ေပ ၊ စြမ္​းႏိုင္​​ေပ၊
မွတ္​​ေလ ဓမၼကထိက။
အဇၥ်တၱိက၊ အာယတန​ေျခာက္​ပါး၊
ၿငီး​ေငြ႕သြား​ေအာင္​၊ ေဟာၾကားတတ္​​ေပ၊
စြမ္​းႏိုင္​​ေပ၊ မွတ္​​ေလ ဓမၼကထိက။
ပဋိစၥတရား ၊ ၿငီး​ေငြ႕သြား​ေအာင္​၊
ေဟာၾကားတတ္​​ေပ ၊ စြမ္​းႏိုင္​​ေပ၊
မွတ္​​ေလ ဓမၼကထိက။
အဘိဓမၼာတရား၊ သိထင္​႐ွား​ေအာင္​၊ ေဟာၾကားတတ္​​ေပ ၊ စြမ္​းႏိုင္​​ေပ၊
မွတ္​​ေလ ဓမၼကထိက။

ျမတ္​စြာဘုရားသည္​ အဘယ္​သို႔​ေသာ
အျခင္​းအရာအားျဖင္​့
တရား​ေဟာၾကားသနည္​းဟူမူကား။

( ၁ ) သုတ္​တရား​ေတာ္​
မဂၤလသုတ္​စသည္​ျဖင္​့ သုတ္​တစ္​ခုျပဳ၍ ​
ေဟာၾကား​ေတာ္​မူသည္​။

( ၂ ) ​ေဂယ်တရား​ေတာ္​
ဂါထာပါ​ေသာ ( ဂါထာႏွင္​့တကြ ) 
သုတ္​တစ္​ခုျပဳ၍ ေဟာၾကား​ေတာ္​မူသည္​။
( သဂါထာ၀ဂၢ သံယုတ္​စသည္​။ )

( ၃ ) ​ေ၀ယ်ာကရဏ တရား​ေတာ္​
ဂါထာမပါ စုဏၰိယသက္​သက္​ျဖင္​့
ေဟာၾကား​ေတာ္​မူသည္​။

( ၄ ) ဂါထာ တရား​ေတာ္​
ဂါထာသက္​သက္​ သီးသန္​႔အားျဖင္​့
ေဟာၾကား​ေတာ္​မူသည္​။
( ဓမၼပဒ စသည္​။ )

( ၅ ) ဥဒါန္​းတရား​ေတာ္​
​ေသာမနႆဉာဏ္​အစြမ္​း​ေၾကာင္​့
၀မ္​း​ေျမာက္​​ေတာ္​မူ၍ ဥဒါန္​းက်ဴးရင္​့
ေဟာၾကား​ေတာ္​မူသည္​။

( ၆ ) ဇာတက ( ဇာတ္​၀တၳဳ ) တရား​ေတာ္​
အတိတ္​ဇာတ္​​ေၾကာင္​းကို ေဟာၾကား​ေတာ္​မူသည္​။

( ၇ ) အဗၻဳတ တရား​ေတာ္​
အ့ံၾသဘနန္​း ထူးဆန္​း​ေသာ အ​ေၾကာင္​းအရာ
ႏွင္​့ စပ္​၍ ေဟာၾကား​ေတာ္​မူသည္​။

( ၈ )  ေ၀ဒလႅ တရား​ေတာ္​
ႏွစ္​သက္​၀မ္​း​ေျမာက္​ျခင္​းကို ရၾကကုန္​၍ ​
ေမးျမန္​း​ေသာ အ​ေၾကာင္​းအရာႏွင္​့စပ္​၍ ေဟာၾကား​ေတာ္​မူသည္​။

( ၉ ) ဣတိ၀ုတၱကတရား​ေတာ္​
ခုဇၨဳတၱရာ​ေထရီမသည္​ ဗုဒၶ​ေဟာၾကားပုံကို
ျပန္​လည္​၍ ​ေဟာၾကား​ေသာ တရားျဖစ္​သည္​။
ဤကား ျမတ္​စြာဘုရား တရား​ေဟာၾကားပုံ
ကိုးမ်ိဳးတည္​း။

      တစ္​နည္​း​ေသာ္​ကား
ျမင္​းတို႔ကို ​ေလ့က်င္​့သင္​ၾကား နည္​းျပဆရာႀကီး ​ေကသိ မည္​​ေသာပုဏၰားႀကီး ျမတ္​ဗုဒၶထံသို႔
​ေရာက္​လာေသာအခါ ျမင္​းတို႔အား ဆုံးမသင္​ျပပုံ
ကို ဗုဒၶျမတ္​စြာသည္​ ​ေမးျမန္​းရာ၌ ​ေအာက္​ပါအတိုင္​း​ေလွ်ာက္​ထား​ေလ၏။

( ၁ ) အႏုနည္​းျဖင္​့ ​ေခ်ာ့​ေမာ့ ဆုံးမရပါသည္​။
( ၂ ) အၾကမ္​းနည္​းျဖင္​့ ဆုံးမရပါသည္​။
( ၃ ) အႏု အၾကမ္​း ႏွစ္​မ်ိဳးျဖင္​့လည္​း ဆုံးမရပါသည္​ဟု ​ေလွ်ာက္​ထား၏။

ထိုအခါ ျမတ္​ဗုဒၶသည္​ ဤနည္​းသုံးနည္​းျဖင္​့
ဆုံးမ မရခ့ဲ​ေသာ္​ အဘယ္​သို႔ ဆုံးမရပါသနည္​း
ဟု ​ေမး​ေတာ္​မူ၏။ ဤနည္​းသုံးနည္​းျဖင္​့
ဆုံးမ မရ​ေသာျမင္​းကို တပည္​​့ေတာ္​ အဆုံးစီရင္​ (သတ္​ပစ္​) လိုက္​ပါသည္​ဘုရားဟု ျပန္​လည္​၍ ​ေလွ်ာက္​ထား၏။

{ မွတ္​ခ်က္​   ဤဆရာႀကီး ဆုံးမ မရတဲ့ ျမင္​းရိွ​
ေသးသည္​ဟု စကားတင္​စီး ကဲ့ရဲ႕မည္​ဆိုး၍
ယင္​းသို႔ စီရင္​သည္​ ဟူလို။ }

      ထိုအခါမွာ ​ေကသိျမင္​းဆရာႀကီးက
တဖန္​ျပန္​လည္​၍ ​ေလွ်ာက္​ထား၏ ။
ျမတ္​စြာဘုရားသည္​လည္​း သတၱ၀ါတို႔ကို
ယဥ္​​ေက်းလိမၼာ​ေအာင္​ အဘယ္​သို႔ ဆုံးမ​ေတာ္​မူပါသနည္​းဟု ​ေမးျမန္​း​ေတာ္​မူ၏။
   ထိုအခါ ျမတ္​ဗုဒၶက ပုဏၰားႀကီး သင္ ​ဆုံးမသကဲ့သို႔ ငါသည္​လည္​း နည္​းသုံးနည္​း
ျဖင္​့သာ ဆုံးမ​ေပ၏။

( ၁ ) ကုသိုလ္​တရား ၊ ထိုကုသိုလ္​၏
အက်ဳိးတရားကိုျပ၍ အႏုနည္​းျဖင္​့ ဆုံးမျခင္​း။
( ၂ ) အကုသိုလ္​တရား ၊ ထိုအကုသိုလ္​၏ အက်ဳိးတရားကိုျပ၍ အၾကမ္​းနည္​းျဖင္​့ ဆုံးမျခင္​း။
( ၃ ) ယင္​းႏွစ္​မ်ဳိးလုံးကိုျပ၍ အႏု အၾကမ္​းနည္​း
ျဖင္​့ ဆုံးမ​ေပ၏ဟု မိန္​႔ၾကား​ေတာ္​မူ​ေလသည္​။

          ထိုအခါ ​ေကသိပုဏၰားႀကီးက ဤသုံးမ်ဳိးျဖင္​့ ဆုံးမ၍မရခ့ဲ​ေသာ္​ အသို႔
ဆုံးမ​ေတာ္​မူပါသနည္​းဟု ​ေလွ်ာက္​ထား​
ေမးျမန္​း​ေလ၏။ ျမတ္​ဗုဒၶသည္​ ဤသုံးနည္​းျဖင္​့ ဆုံးမ မရ​ေသာ သတၱ၀ါကို ငါတို႔သည္​
အဆုံးစီရင္​ ( သတ္​ပစ္​ ) လိုက္​သည္​ဟု
မိန္​႔​ေတာ္​မူ၏။
         ​ေကသိပုဏၰားႀကီးက အ႐ွင္​ဘုရား
အ႐ွင္​ဘုရားတို႔အား သတ္​ျဖတ္​ျခင္​းအမႈသည္​
မ​ေလ်ာက္​ပတ္​ မ​ေလ်ာ္​ကန္​သည္​မဟုတ္​ပါ​ေလာ
ဟု ​ေလွ်ာက္​ထား​ေလရာ ဗုဒၶသည္​ ပုဏၰားႀကီး ဆုိဆုံးမ၍ မရ​ေသာသူကို မည္​သည္​့အဆုံးအမကိုမွ် မ​ေပး​ေတာ့ဘဲ လ်စ္​လ်ဴရႈ
ပစ္​ထားျခင္​းကို သူ​ေတာ္​​ေကာင္​းတို႔၏
အဆုံးစီရင္​မႈ သတ္​ပစ္​မႈ ျဖစ္​၏ဟု မိန္​႔​ေတာ္​မူ၏။

    ဘုရား၊ ရဟႏၱာ ၊ အရိယာသူ​ေတာ္​​ေကာင္​း၊
မိဘ ဆရာတို႔က ဆိုဆုံးမမႈ မျပဳ သင္​့ထိုက္​ႏွင္​့
သင္​့ကံ ျဖစ္​ခ်င္​ရာျဖစ္​ဟု အပယ္​ခံ အပစ္​ခံရ​ေသာသူသည္​ ​ေကာင္​းက်ဳိးခ်မ္​းသာ ပ်က္​ျပဳန္​း၍ အသက္​႐ွင္​လ်က္​ ​ေသဆုံးသူမည္​သတည္​း ။

  ဤကား ျမတ္​ဗုဒၶ၏ တရား​ေဟာၾကားပုံ
နည္​းသံုးမ်ဳိးတည္​း။

ထိုမွတစ္​ပါး ျမတ္​ဗုဒၶသည္​ အထူးထူးအျပားျပား ဆန္​းၾကယ္​​ေသာနည္​းတို႔ျဖင္​့လည္​း
တရား​ေဒသနာ​ေတာ္​ကို ​ေဟာ​ေတာ္​မူ၏။

( ၁ ) အက်ဥ္​းနည္​းအားျဖင့္​ေဟာျခင္​း
ျမတ္​ဗုဒၶသည္​ လိုရင္​အဓိပၸါယ္​ကို အက်ဥ္​းခ်ဳပ္​၍ ​ေဟာၾကား​ေတာ္​မူ၏။ ဗာဟိယဒါ႐ုစိမ​ေထရ္​အား
ဒိ​ေ႒ ဒိ႒မတၱံ ဘ၀ိႆတိ စသည္​ျဖင္​့
အက်ဥ္​းနည္​း​ေဟာၾကား​ေတာ္​မူ၏ ။
ဘ​ေဒၵကရတၱ ဂါထာ အက်ဥ္​းခ်ဳပ္​ကို
အ႐ွင္​သမိဒၶိမ​ေထရ္​အား ​ေဟာၾကား​ေတာ္​မူ၏။
အဘိဓမၼာ မာတိကာပါဠိ​ေတာ္​ကို
အက်ဥ္​းဥ​ေဒၵသထား၍ ​ေဟာၾကား​ေတာ္​မူ၏။
အ႐ွင္​သာရိပုၾတာမ​ေထရ္​ျမတ္​အား
အဘိဓမၼာ ခုႏွစ္က်မ္​းကို အက်ဥ္​းအားျဖင္​့ ​ေဟာၾကား​ေတာ္​မူ၏။

(၂ ) အက်ယ္​အားျဖင္​့​ေဟာျခင္​း
အက်ဥ္​းျပအပ္​ၿပီး​ေသာ တရားတို႔ကို ထပ္​မံျပီး အက်ယ္​ခ်ဲ႕ဖြင္​့ဆို၍ ​ေဟာၾကား​ေတာ္​မူ၏။ အဘိဓမၼာ ၀ိဘင္​းပါဠိ​ေတာ္​ စသည္​ကား
အက်ယ္​ခ်ဲ႕၍ ​ေဟာအပ္​​ေသာ ပါဠိ​ေတာ္​မ်ား​ေပတည္​း။

( ၃ ) အက်ဥ္​း အက်ယ္​နည္​းအားျဖင္​့​ေဟာျခင္​း
ဦးစြာပထမ အက်ဥ္​း​ေဟာ၍ ဒုတိယ အက်ယ္​ခ်ဲ႕ကာ​ေဟာ​ေတာ္​မူ၏။အဂုၤတၱိဳရ္​ပါဠိ ပဥၥကနိပါတ္
​ဒုကၠထာသုတၱံ၌ မ​ေကာင္​းသျဖင္​့ ဆိုအပ္​​ေသာစကား ငါးပါး။ ( ဒုကၠထာ ငါးပါး )
သုကထာ ငါးပါး အက်ဥ္​းသ႐ုပ္​ကို
​ေဟာ​ေတာ္​မူ၏။ ထိုသုတ္​ႏွင္​့အလားတူ
သုတ္​မ်ားကိုလည္​း သ​ေခၤပ ၀ိတၱာရ
( အက်ဥ္​းအက်ယ္​ ) ​ေဒသနာနည္​းအားျဖင္​့ ​ေဟာၾကား​ေတာ္​မူ၏။
                  { အံ/၅/ပါ/၁၅၉/၁၆၁ }

( ၄ ) အက်ဥ္​း အက်ယ္​ကို ထပ္​ဆင္​့၍
       အက်ယ္​​ေဟာျခင္​း
ဦးစြာပထမ အက်ဥ္​းကို ​ေဟာ​ေတာ္​မူ၏။
ဒုတိယ အက်ယ္​ကို ​ေဟာ​ေတာ္​မူ၏။
တတိယ အက်ယ္​ကိုပင္​ ထပ္​ဆင္​့ခ်ဲ႕၍ ​ေဟာၾကား​ေတာ္​မူ၏။ အဂုၤတၱိဳရ္​ပါဠိ ဆကၠနိပါတ္​
ဆဠဂၤသုတၱံ၌
ပထမ ​ေ၀ဠဳက႑ကရြာသူ နႏၵမာတာသည္​
အ႐ွင္​သာရိပုတၱရာ ၊ အ႐ွင္​မဟာ​ေမာဂၢလာန္​ အမႉးျပဳ​ေသာ သံဃာ​ေတာ္​တို႔အား ဆဠဂၤဒါန ျပဳသင္​့​ေၾကာင္​းကို ဗုဒၶသည္​ ဒိဗၺစကၡဳျဖင္​့
ျမင္​​ေတာ္​မူပုံအက်ဥ္​းကို ​ေဟာ​ေတာ္​မူ၏။
ဒုတိယ ဆဠဂၤဒါန၏ အဂၤါေျခာက္ပါးကို ခ်ဲ႕၍ ​
ေဟာ​ေတာ္​မူ၏။ တတိယ ဒါယကာ၏ အဂၤါသံုးခ်က္​၊ အလွဴခံ၏ အဂၤါ သံုးခ်က္​ကို
ထပ္​မံခ်ဲ႕၍ ​ေဟာ​ေတာ္​မူ၏။ ထိုသုတ္​ႏွင္​့
အလားတူ သုတ္​မ်ားကိုလည္​း သ​ေခၤပ ၀ိတၱာရ အႏု၀ိတၱာရ​ေဒသနာအစဥ္​ျဖင္​့ တန္​ဆာဆင္​၍ ​ေဟာၾကား​ေတာ္​မူ၏။
   { အံ/၆/ပါ/ဆဠဂၤဒါနသုတၱံ/၂၉၅ -၂၉၆ }

( ၅ ) ​ေျဖဆို၍​ေဟာျခင္​း
​ေမးျမန္​း​ေလွ်ာက္​ထားအား​ေသာ ပုစာၦ
အား​ေလွ်ာ္​စြာ အ​ေျဖ၀ိသဇၨနာထုတ္​၍ ​
ေဟာၾကား​ေတာ္​မူ၏။ အဂုၤတၱိဳရ္​ပါဠိ​ေတာ္​ ပဥၥကနိပါတ္​ သုမနသုတၱံ ၌ သုမနာမင္​းသၼီးသည္​ ျမတ္​ဗုဒၶအား ဤသို႔ ​ေမးျမန္​း​ေလွ်ာက္​ထား၏။ သဒၶါ ၊သတိ၊ပညာ တူမွ်​ေသာ ျမတ္​ဗုဒၶ၏ တပည့္​့ႏွစ္​ဦးတြင္​ တစ္​ဦးသည္​ အလွဴဒါနျပဳ၏။
တစ္​ဦးသည္​ မျပဳ။ ထိုပုဂၢိဳလ္​ႏွစ္​ဦး၏ ထူးျခားခ်က္​ကား အဘယ္​သို႔ပါနည္​းဘုရား။ ျမတ္​ဗုဒၶသည္​ ထိုအ​ေမးပုစၦာအား​ေလွ်ာ္​​စြာ ထိုပုဂၢိဳလ္​ႏွစ္​ဦး၏ ထူးျခားခ်က္​ကို ​ေဟာၾကား​ေတာ္​မူ၏။
ထိုသုတ္​ႏွင္​့အလားတူ​ေသာ သုတ္​တို႔ကိုလည္​း ပုစာၦႏု႐ူပ​ေဒသနာျဖင္​့ ​ေဟာၾကား​ေတာ္​မူ၏။
         { အံ/၅/ပါ/သုမနသုတၱံ။ }

( ၆ ) အ​ေမးအ​ေျဖ ယွဥ္​တြဲ၍​ေဟာျခင္​း
ျမတ္​ဗုဒၶသည္​ တရားနာပုဂၢိဳလ္​တို႔အား ​ေမး၍ တရားနာပုဂၢိဳလ္​တို႔ကိုပင္​ ျပန္​လည္​​ေျဖၾကား​ေစလ်က္​ ပုစာၦ ၀ိသဇၨနာယွဥ္​တြဲပါ၀င္​​ေသာ
တရား​ေတာ္​ကို ​ေဟာၾကား​ေတာ္​မူ၏။
၀ိနည္​းပါဠိ​ေတာ္​ မဟာ၀ဂ္​ အနတၱလကၡဏသုတၱံ
၌  ႐ူပံ ဘိကၡ​ေ၀ နိစၥံ၀ါ အနိစၥ၀ါတိ  ဟု
ျမတ္​ဗုဒၶ ​ေမး၍ အနိစၥံ ဘ​ေႏၱ ဟု ပဥၥ၀ဂၢီတို႔က​ေျဖၾကားၾကသည္​။ ထို႔​ေနာက္​ အနိစၥျဖစ္​ပုံကို
ျမတ္​ဗုဒၶသည္​ ဆက္​လက္​​ေဟာၾကား​ေတာ္​မူ၏။ ဤနည္​းျဖင္​့ အ​ေမးအ​ေျဖပါ၀င္​​ေသာ တရား​ေဒသနာ​ေတာ္​ကို ​ေဟာၾကား​ေတာ္​မူ၏။
ထိုသုတ္​ႏွင္​့အလားတူ​ေသာ သုတ္​တို႔ကိုလည္​း
ပုစာၦ ၀ိသဇၨနာ ယွဥ္​တြဲပါ၀င္​​ေစလွ်က္​ ​
ေဟာၾကား​ေတာ္​မူ၏။

( ၇ ) အ​ေမးစကားခ်ီ၍ ​ေဟာ​ေတာ္​မူျခင္​း
ျမတ္​ဗုဒၶသည္​ ထုိထိုသုတ္​ အဘိဓမၼာ ပါဠိ​ေတာ္​
တို႔၌ မိမိဘာသာ ​ေမးခြန္​းစကားျဖင္​့ စတင္​၍ လိုအပ္​​ေသာ တရားစကားတို႔ကို ​ေျဖဆိုေဟာ
ၾကား​ေတာ္​မူ၏။ အဂုၤတၱိဳရ္​ပါဠိ​ေတာ္​ ပဥၥကနိပါတ္​ အကၡမသုတၱံ၌ ကထဥၥ ဟူ​ေသာ ​ေမးခြန္​းကို
အစခ်ီ၍ ​ေမးခြန္​းပုစၧာဆင္​​ေတာ္​မူ၍ ​ေဟာၾကား​ေတာ္​မူ၏။ ႐ူပ၊ သဒၵ၊ ဂႏၶ၊ ရသ၊ ​ေဖာ႒ဗၺတို႔ကို သည္​းမခံႏိုင္​ပုုံ၊ ၾကံ့ၾကံ့မခံႏိုင္​ပုံကို ​ေဟာၾကား​
ေတာ္​မူ၏။
       { အံ/၅/ပါ/အကၡမသုတၱံ/၁၃၈။ }

ကတမာနိ.ကတ​ေမဟိ.ကတ​ေမာပန စသည္​ျဖင္​့ အ​ေမးစကားခ်ီ၍ ​ေဟာၾကား​ေသာသုတ္​တို႔သည္​ မ်ားစြာရိွကုန္​၏။ အဘိဓမၼာပါဠိ​ေတာ္​၌
က​ေတ​ေမ ဓမၼာ ကုသလာ ဟု ​ေမးခြန္​းကိုအစခ်ီ၍ ကုသိုလ္​တရားကို ထုတ္​​ေဖာ္​​ေဟာၾကား​ေတာ္​မူ၏။  ကတ​ေမာ တသၼႎသမ​ေယ ဖ​ေႆာ ​ေဟာတိ ဟု ​ေမးခြန္​းကိုအစခ်ီ၍ ဖႆတရား၏ သ႐ုပ္​ကို
ဆက္​လက္​​ေဟာၾကား​ေတာ္​မူ၏။ ဤသို႔စသည္​ျဖင္​့ အဘိဓမၼာပါဠိ​ေတာ္​၌ ​ေမးခြန္​းကိုအစခ်ီ၍ လိုအပ္​​ေသာတရားကို ဌာနမ်ားစြာ၌ ​ေဟာၾကား​ေတာ္​မူ၏။
                  { အဘိ/ပါ/၁/၁၇ . ၈ ။ }

( ၈ ) ဘုရားႏွစ္​ဆူ အေမးအေျဖျပဳ၍ေဟာၾကားျခင္​း
ပကတိျမတ္​ဗုဒၶသည္​ နိမၼိတဘုရား႐ွင္​ႏွင္​့
အ​ေမးအ​ေျဖျပဳ၍ ခက္ခဲ​နက္​နဲသိမ္​​ေမြ႕​ေသာ တရား​ေတာ္​ကို ​ေဟာၾကား​ေတာ္​မူ၏။ မဟာသကၠရာဇ္​ ၁၀၉ ခုႏွစ္​ ၊ ၀ါဆိုလျပည္​့​ေန႔ ၊
( ျမတ္​ဗုဒၶ ၆ ၀ါ ရရိွ​ေသာအခါ ) ျမတ္​ဗုဒၶသည္​ သာ၀တၳိျပည္​ က႑သရက္​ပင္​အနီး၌ ယမိုက္​ျပာဋိဟာကို ျပ​ေတာ္​မူရာ ​ေရာက္​႐ွိလာ​ေသာ ဘုရား႐ွင္​ႏွစ္​ဆူတို႔ အ့ံဖြယ္​​ေတာ္​ ယမိုက္​ျပာဋိဟာ တန္​ခိုးျပ​ေတာ္​မူ၏။
ဘုရား႐ွင္​ႏွစ္​ဆူတို႔သည္​ အျပန္​အလွန္​
အ​ေမးအ​ေျဖျပဳ၍ နက္​နဲသိမ္​​ေမြ႕​ေသာ
တရား​ေတာ္​ကို ​ေဟာၾကား​ေတာ္​မ၏။
ဤ​ေဒသနာ​ေတာ္​မ်ဳိးကား အလြန္​​ေတြ႕ၾကံဳခဲ​ေသာ ​ေဒသနာမ်ဳိး​ေပတည္​း။
                { ဓမၼပဒ/ ႒/ဒု/၁၄၀။  }

( ၉ ) သင့္​ေ​လွ်ာ္ ​သက္​ဆိုင္​​ေသာ
တန္​ခိုးဖန္​ဆင္​း​ေတာ္​မူ၍ ​ေဟာျခင္​း

​ေဟာၾကားမည္​့တရား​ေတာ္​ႏွင္​့ သင္​့​ေလ်ာ္​​ေသာ တန္​ခိုးဖန္​ဆင္​း​ေတာ္​မူ၍ တရားနာပုဂိၢဳလ္​
သႏၱာန္​၌ရိွ​ေသာ မာန စသည္​ကို ပယ္​​ေဖ်ာက္​၍ တရား​ေတာ္​ကို ဆက္​လက္​​ေဟာၾကား​ေတာ္​မူ၏။ ထို​ေဒသနာ​ေတာ္​ကား

​ေခမာမိဖုရားခြၽတ္​ခန္​း၊ ႐ူပနႏၵာ​ေထရီ
ခြၽတ္​ခန္​းတို႔၌ ထင္​႐ွား၏။ အလြန္​လွပ​ေသာ အပ်ဳိစင္​တစ္​​ေယာက္​ ယပ္​ခပ္​​ေနပုံ၊
တျဖည္​းျဖည္​း အိုသြားပုုံ ၊ လူနာျဖစ္​လာပုုံ၊ ​ေသဆုံးသြားပုံကို ဖန္​ဆင္​းျပၿပီးမွ
တရား​ေဟာၾကား​ေတာ္​မူ၏။
        စူဠပန္​ရဟန္​းကိုလည္​း
ျဖဴစင္​သန္​႔႐ွင္​း​ေသာ ပု၀ါပိုင္​း ဖန္​ဆင္​း​ေပးၿပီးမွ တရား​ေဟာၾကား​ေတာ္​မူ၏။
သာ၀တၳိျပည္​၌ မဂၤလာဦးဆြမ္​းကပ္​ပြဲ က်င္​းပရာ သတိုးသၼီးသည္​ ဘုရားအမႉးရိွ​ေသာ သံဃာ​ေတာ္​မ်ားအတြက္​ ​ေရစစ္​ျခင္​း၊ ဆြမ္​းပြဲမ်ား စီစဥ္​ျခင္​း
စ​ေသာ ​ေ၀ယ်ာ၀စၥအမႈကို ျပဳလုပ္​လႈပ္​႐ွား​ေန၏။  မဂၤလာ သတိုးသားကား သူမကိုသာ တစိမ္​့စိမ္​့ၾကည္​့႐ွဳ႕ၿပီး ​ေ၀ယ်ာ၀စၥအမႈကို မျပဳလုပ္​ဘဲ​
ေန​ေလ၏။ ​ ထိုအခ်ိန္​ သတိုးသားသည္ သတိုးသၼီး၏ လက္​ကိုဆြဲရန္​ တကဲကဲ ၾကံစည္​​​ေနသျဖင္​့ ျမတ္​ဗုဒၶသည္​ သတိုးသၼီးကို မျမင္​ရ​ေအာင္​ ဖန္​ဆင္​းလိုက္​၏။ ၿပီးမွ နတၳိ ရာဂသ​ေမာ အဂၢိ  ရာဂႏွင္​့တူ​ေသာ မီးသည္​ မရိွ။
နတၳိ ​ေဒါသသ​ေမာ ကလိ  ​ေဒါသႏွင္​့တူ​ေသာ အျပစ္​ မရိွ။
နတၳိ ခႏၶသမာ ဒုကၡာ ...ခႏၶာကိုယ္​ႏွင္​့တူ​ေသာ
ဆင္​းရဲတို႔သည္​ မရိွကုန္​။
နတၳိ သႏၱိပရံ သုခံ ... နိဗၺာန္​ထက္​လြန္​ျမတ္​​ေသာ ခ်မ္​းသာမရိွ​ေပ။
ဤသို႔တရား​ေတာ္​ကို ​ေဟာၾကား​ေတာ္မူ​ေသာအခါ သတိုးသား သတိုးသၼီး ႏွစ္​ဦးစလုံး ​ေသာတာပန္​ တည္​သြားၾက၏။ ထိုအခါ ျမတ္​ဗုဒၶသည္​ သတိုးသၼီးကို မျမင္​​ေအာင္​ဖန္​ဆင္​းထား​ေသာ
တန္​ခိုး​ေတာ္​ကို ႐ုပ္​သိမ္​း​ေတာ္​မူ​ေလ၏။  ဤသို႔လည္​း လိုအပ္​​ေသာ တန္​ခိုးဖန္​ဆင္​းျခင္​း
ကို ျပဳ​ေတာ္​မူ၍ တရား​ေဟာၾကား​ေတာ္​မူ၏။
              { ဓမၼပဒ /႒/ဒု/၁၆၉။ }

​ေဆာင္​ပုဒ္​
သာ၀တၳိမွာ ၊ တစ္​ခ်ိန္​ခါက၊ မဂၤလာဆြမ္​း၊
ကပ္​လွဴဒါန္​း​ေသာ္​၊ ဆြမ္​းပန္​းကပ္​ရာ၊
လွဴဒါန္​း႐ွာ​ေသာ၊ မဂၤလာသတိုးသမီး၊
႐ႈ႕မၿငီးကို၊ ၾကည္​့ၿပီး​ေနျငား၊
သတိုးသားကား၊ စိတ္​အားကဲလြန္​၊
ခ်စ္​စိတ္​မႊန္​ၿပီး၊ လက္​လြန္​​ေျခလြန္​၊
အ​ေနကြၽန္​သို႔ ၊ မူဟန္​မလွ၊ ဟန္​ပန္​ျပသျဖင္​့၊ ဗုဒၶဘုရား၊ တန္​ခိုးအားျဖင္​့၊ မယားအလွ၊
မျမင္​ရ​ေအာင္​ ၊ ကြယ္​ပၿပီး၍၊ နတၳိ ရာဂ၊
စသည္​ ဂါထာ၊ မိန္​႕ခြန္​းျဖာသည္​၊ ​
ေမာင္​ခ်စ္​သာလည္​း ေသာတာပန္​၊ မယ္​ခ်စ္​သာလည္​း ​ေသာတာပန္​ ျဖစ္​ရ​ေပသကိုး ။ ။

( ၁၀ ) ဥပမာ ( ႏႈိင္​းယွဥ္​ခ်က္​ ) ကိုျပ၍ တရားသ​ေဘာ ထင္​ျမင္​လာ​ေအာင္​ ​ေဟာၾကားျခင္​း
ဆက္​လက္​၍ ​ေဖာ္​ျပပါမည္​ ။
REF:Credit to Orginnal Writer