20 January, 2016

ရာဟုလာကိုမြတ်စွာဘုရား၏အဆုံးအမ

၁။ တစ်ခုဆိုတာ ဘာလဲ

၂။ နှစ်ခုဆိုတာ ဘာလဲ

၃။ သုံးခုဆိုတာ ဘာလဲ

၄။ လေးခုဆိုတာ ဘာလဲ

၅။ ငါးခုဆိုတာ ဘာလဲ

၆။ ခြောက်ခုဆိုတာ ဘာလဲ

၇။ ခုနစ်ခုဆိုတာ ဘာလဲ

၈။ ရှစ်ခုဆိုတာ ဘာလဲ

၉။ ကိုးခုဆိုတာ ဘာလဲ

၁၀။ ဆယ်ခုဆိုတာ ဘာလဲ

…………………………


၁။ ရာဟုလာ တစ်ခုဆိုတာ ဘာလဲ -


ရာဟုလာ ... လူတိုင်းလူတိုင်းဟာ နေ့စဉ်နဲ့အမျှ 

ရှောင်လို့မရတဲ့ တစ်ခုဟာ အစာအာဟာရပဲ။

သတ္တဝါတွေအားလုံးဟာ အစာကြောင့် အသက်ရှင်ရတယ်။

အစာစားလို့ အသက်ရှင်ကြတယ်။ 

သတ္တဝါအားလုံးဟာ တညီတည်း အမှီပြုပြီး အသက်ရှင်ကြရတဲ့

နေ့စဉ်နှင့်အမျှ ရှောင်လွှဲလို့ မရအောင်

မှီခိုအားထားနေရတာသည် အာဟာရပဲ။


၂။ နှစ်ခုဆိုတာ ဘာလဲ -


ရာဟုလာ နှစ်ခုဆိုတာ ရုပ် နဲ့ နာမ် ဖြစ်တယ်။

လူတွေရဲ့သန္တာန်မှာ ရုပ်နဲ့နာမ် ဒီနှစ်ခုပဲရှိတယ်။


၃။ သုံးခုဆိုတာ ဘာလဲ -


ရာဟုလာ... သုံးခုဆိုတာ တခြားမဟုတ်ဘူး။ 

အာရုံနဲ့တွေ ့တဲ့ အချိန်မှာ ခံစားချက် သုံးမျိုးရှိတယ်။


ကောင်းတာနဲ့တွေ ့ရင် ကြိုက်တယ်၀မ်းသာတယ်၊

မကောင်းတာနဲ့တွေ ့ရင် မကြိုက်ဘူး စိတ်ညစ်တယ်၊

ကောင်းမကောင်းမဟုတ်ဘူးဆိုရင် 

ပျော်တာလည်းမဟုတ ်စိတ်ညစ်တာလည်းမဟုတ်ဆိုတာရှိတယ်။


ဒါကြောင့် ခံစားမှုဟာသုံးမျိုးရှိတယ်။ 

သုခေ၀ဒနာ၊ ဒုက္ခေ၀ဒနာ၊ ဥပေက္ခာေ၀ဒနာ။


၄။ လေးခုဆိုတာ ဘာလဲ -


ရာဟုလာ လေးခုဆိုတာ သစ္စာလေးပါးပဲ။

အမှန်တရားလေးမျိုးရှိတယ် ရာဟုလာ။


ဒုက္ခရယ်၊ သမုဒယရယ်၊ နိရောဓရယ်၊ မဂ္ဂရယ်။


လောကမှာကြည့်လိုက်ရင် 

တကယ့်အမှန်တရားဆိုတာ ဒီလေးမျိုးပဲရှိတယ််။


၅။ ငါးခုဆိုတာ ဘာလဲ -


ရာဟုလာ .. လူတွေမှာ တဏှာတို့ 

ဒိဋ္ဌိအမြင်နဲ့ စွဲလမ်းတဲ့ ဥပါဒါနက္ခန္ဓာ ငါးမျိုးရှိပါတယ်။

ရုပ်၊ ေ၀ဒနာ၊ သညာ၊ သခါၤရ၊ ၀ိဉာဏ် ဆိုတဲ့

ဒီခန္ဓာငါးပါးအပေါ်မှာ စွဲလမ်းတဲ့ ၊

တဏှာအမြင် ဒိဋ္ဌိအမြင်တွေနဲ့ 

စွဲလမ်းနေတဲ့ ဥပါဒါနက္ခန္ဓာငါးပါးပဲ။


၆။ ခြောက်ခုဆိုတာ ဘာလဲ -


ရာဟုလာ ... ခြောက်ခုဆိုတာ ဘာလဲဆိုတော့

ပြင်ဘက်က အာရုံတွေနဲ့ ဆက်သွယ်ဖို့ရာအတွက်

ခြောက်ခုဆိုတာ ရှိတယ်။ အဂါၤရပ်ခြောက်ခုရှိတယ်။


အဲဒါဘာလဲဆိုတော့ 

မျက်စိ၊ နား၊ နှခေါင်း ၊ လျှာ၊ ကိုယ်၊ စိတ် ဆိုတဲ့ အဂါၤခြောက်ခု။


ဒါတွေနဲ့ပဲ အာရုံခြောက်မျိုးကို 

နေ့စဉ်ဆက်သွယ်နေကြတယ်။ 

အာရုံတွေရဲ.အခြေခံ၊ စိတ််ပေါ်ရာ ဒီခြောက်ခုရှိတယ်။


၇။ ခုနစ်ခုဆိုတာ ဘာလဲ -


ရာဟုလာ... ခုနစ်ခုဆိုတာ အသိဉာဏ်ဖြစ်ဖို့ရာ

အကြောင်းတရားခုနစ်ခုရှိတယ်။ ဗောဇ္ဈင် (၇) ပါးပေါ့။ 

ဗောဓိဆိုတာ အသိဉာဏ်၊ အဂါၤဆိုတာ ရရှိခြင်းရဲ့အကြောင်းတရား။


အသိဉာဏ်ဖြစ်ဖို့ရာအတွက် ဒီစွမ်းရည်သတ္တိတွေနဲ့ ကိုယ့်သန္တာန်မှာ အသိဉာဏ်ဖြစ်ပေါ်အောင်လုပ်ရမယ်တဲ.။


ဒါတွေကိုလိုက်ကြည့်မယ်ဆိုလို.ရှိရင် အဆင့်ဆင့်ကမ္မဋ္ဌာန်းပွားလို့ရလာတဲ့ သဘောတွေကို မြတ်စွာဘုရားကဟောနေခြင်းဖြစ်တယ်။

ကလေးလေးနဲ.တန်ရုံ ဂဏန်းသဘောတွေကို 

မြတ်စွာဘုရားက မှတ်ခိုင်းထားတာ။


၈။ ရှစ်ခုဆိုတာ ဘာလဲ -


ရာဟုလာ ... ရှစ်ခုဆိုတာ မဂ္ဂင်ရှစ်ပါးတဲ့။ 

မဂ္ဂဆိုတာ လမ်းကြောင်းပဲ။ 

ဘယ်သွားမယ့်လမ်းကြောင်းဆိုတော့

နိဗ္ဗာန်သွားမယ့်လမ်းကြောင်းဖြစ်တယ်။


အဲဒီမဂ္ဂဆိုတာ ရှစ်ခုနဲ့ ဖွဲ.စည်းထားတဲ့အရာဖြစ်တယ်။ 

သမ္မာဝါစာ၊ သမ္မာကမ္မန္န၊ သမ္မာအာဇီ၀၊ 

သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊

သမ္မာဝါယမ၊ သမ္မာသတိ၊ သမ္မာသမာဓိ၊ 

လိို. ခေါ်တဲ့ မဂ္ဂင်ရှစ်ပါး။ အဲဒီမဂ္ဂင်ရှစ်ပါး ဒီစွမ်းအားတွေ မိမိတို့သန္တာန်မှာပြီဆိုရင် နိဗ္ဗာန်ထိအောင် ပေါက်မြောက်ပြီးသွားနိုင်တယ်တဲ့။ 

အဲဒါ (၈)ဂဏန်းအနေနဲ့ မြတ်စွာဘုရားက သင်ပေးတာ။


၉။ ကိုးခုဆိုတာဘာလဲ -


ရာဟုလာ ... သုံးဆယ်.တစ်ဘုံသတ္တဝါတွေကို 

ခြုံငုံပြီးတော့ ကြည့်လိုက်မယ်ဆိုရင် သတ္တဝါတွေဟာ

ကိုးမျိုးပဲ ရှိနိုင်တယ်။ သတ္တဝါတွေနေတဲ့ဘုံဟာ ကိုးမျိုးပဲရှိနိုင်တယ်တဲ့။ အဲဒါကို သတ္တဝါသလို့ခေါ်တယ်။ သတ္တဝါတွေရဲ. နေထိုင်ရာဘုံလို.ပြောတယ်။ ကိုးမျိုးဆိုတာ သဘာ၀အားဖြင်.ခွဲခြားပြီးတော. ပြောတယ်။


ဆိုပါစို. လူတွေဆိုတာ မွေးလာတဲ.စိတ်တွေလည်းကွဲပြားခြားနားကြတယ်၊ ရုပ်တွေလည်းကွဲပြားခြားနားကြတယ်။ လူတွေဟာ ရုပ်ခန္ဓာကြီးကလဲ အမျိုးမျိုး၊ စိတ်တွေကလည်းအမျိုးမျိုး၊ တိရစၧာန်လောကလည်းကြည်.ဦး၊ ခွေးကတစ်မျိုး၊ ကြောင်ကတစ်မျိုး ၊ ကြက်ကတစ်မျိုး ကိုယ်ခန္ဓာတွေ ကွဲပြားခြားနားမှုတွေနဲ. မတူညီကြဘူး။ အဲလိုမတူညီတဲ. သတ္တဝါတွေရှိတဲ.ဘုံတွေကိုစုပြီးတော. တစ်ခုယူတယ်။


ကိုးခုဆိုတာ သတ္တဝါတွေဖြစ်ရာ ဘုံကိုးမျိုးလို.ပြောလိုက်တယ်။ သတ္တဝါတွေဖြစ်ရာ ဘုံကိုးမျိုးဆိုတာ ရုပ်ခန္ဓာတို. ၊ ပဋိသနေ္ဓစိတ်၊ အမှတ်သညာတို. ကွဲပြား ခြားနားနဲ. သတ္တဝါတွေတည်ရှိရာ ဘုံကတစ်မျိုး။ အဲဒါကိုပဲ လှည်.ပတ်ကြည်.လိုက်တဲ.အခါ ရုပ်ခန္ဓာကွဲပြားပေမယ်လို. ပဋိသနေ္ဓစိတ် အမှတ်သညာချင်း တူတဲ. သတ္တဝါတွေရဲ. နေရာဋ္ဌာနက တစ်မျိုး။


နောက်ပဋိသနေ္ဓသညာတူပြီးတော. ရုပ်ခန္ဓာကွဲပြားတဲ. သတ္တဝါတွေရဲ. ဘုံဋ္ဌာနကတစ်မျိုး။ ပဋိသနေ္ဓလည်းတူတယ်၊ ရုပ်ခန္ဓာလည်းတူတယ်ဆိုတဲ. သတ္တဝါတွေရဲ. ဘုံဌာနက တစ်မျိုး။

ပါဠိစာပေနဲ.ပြောမယ်ဆိုရင် နာနတ္တကာယ၊ နာနတ္တသညီ ဒါက တစ်၊ နာနတ္တကာယ ဧကတ္တသညီ ဒါက နှစ်၊ ဧကတ္တကာယ နာနတ္တသညီ ဒါက သုံး၊ နံပါတ်လေးကျတော. ဧကတ္တကာယ ဧကတ္တသညီလို. ဒီလိုလေးမျိုးရတယ်။ နောက်တစ်ခါ အမှတ်သညာကင်းမဲ.တဲ. သတ္တဝါဆိုတာ လောကမှာရှိသေးတယ်။ အဲဒါကို အသညသတ်ဘုံလို.ပြောတယ်။ အဲဒါက တစ်ဦး။ နောက်တစ်ခါ နာမ်ချည်းဖြစ်တဲ. အရူပဘုံဆိုတာ တစ်မျိုး။ အားလုံးပေါင်းလိုက်တဲ.အခါ သတ္တာဝါသဘုံးကိုး၀လို. ခေါ်တယ်။


သုံးဆယ်.တစ်ဘုံဆိုတာ ငြီးငွေ.စရာချည်းပဲ၊ မငြီးငွေ.လို. သုံးဆယ်.တစ်ဘုံထဲမှာ ကျင်လည်နေမယ်ဆိုရင် ဒုက္ခတွေရောက်မှာပဲလို. ငြီးငွေ.စေခြင်းငှာ ၉ ဂဏန်းကိုထုတ်တယ်။


၁၀။ ဆယ်ခုဆိုတာ ဘာလဲ -


ရာဟုလာ ... ဒီလိုငြီးငွေ.ပြီး တရားအားထုတ်

တရားကျင့်ကြံလိုက်ရင် ရဟန္တာဖြစ်သွားမယ်။ အဲဒီရဟန္တာဖြစ်သွားမယ်ဆိုလို.ရှိရင် ရဟန္တာမှာရှိနိုင်တဲ. အရည်အချင်းဟာ ဆယ်မျိုးရှိတယ်တဲ.။ အဲဒီဆယ်မျိုးကိုရည်ညွှန်းပြီးတော. 

မြတ်စွာဘုရားက ၁၀ ဂဏန်းကိုသင်ပေးတယ်။


၁၀ခုဆိုတာ ဘာလဲဆိုတော. ရဟန္တာပုဂ္ဂိုလ်တွေဟာ 

အဂါၤ ၁၀ ပါးနဲ.ပြည်.စုံတယ်။ တရားဓမ္မကို မှန်မှန်ကန်ကန်နဲ့ကျင့်သုံးဆောက်တည်သွားတဲ့ ရဟန္တာပုဂ္ဂိုလ်တွေမှာ အ၈ါၤရပ်ဆယ်မျိုးရှိတယ်တဲ့။ ဘာတွေလဲဆိုတော့ မဂ္ဂင်ရှစ်ပါး ရယ် နောက်နှစ်ခုက သမ္မာဉာဏနဲ. သမ္မာ၀ိမုတ္တိ။


(ပါမောက္ခချုပ်ဆရာတော် အရှင်နန္ဒမာလာဘိဝံသ ဟောကြားတော်မူသော 

ရှင်ရာဟုလာ၏ဘဝ နှင့်မြတ်ဗုဒ္ဓ၏အဆုံးအမ တရားတော်မှ )

No comments:

Post a Comment