အပ္ပမတ္တာ သဒါ ဟောထ ဉတွာ သင်္ခါရဓမ္မတံ။
သကိစ္စ မနုယုဉ္စဝေါ နတ္ထိ နော မစ္စုသင်္ကရံ။
သာဓဝေါ နှလုံးပျော့ပြောင်း အို သူတော်ကောင်းတို့
သင်္ခါရဓမ္မတံ ကိုယ်ကဤပုံ ဖြစ်လိုတုံလည်း
တစ်ဖုံဆင်ကွဲ သူတနည်းဖြင့် ဖောက်လွဲတတ်စွာ
ရုပ်နာမ်ဓမ္မ သင်္ခါရတို့၏ ဓမ္မတာကို
ဉတွာ ဇာနာထ ကိုယ်စီကိုယ်ငှ အဇ္ဈတ္တဝယ်
ဉာဏစက္ခု မျှော်ထောက်ရှုလျှက်
ယခုပင်လျှင် သမ္ပဇဉ်ဖြင့်
သိထင်မြင်အောင် တွင်တွင်ကြိုးကုတ်
အားထုတ်တော်မူကြပါကုန်လော့။
ဉတွာ ကိုယ်စီကိုယ်ငှ အဇ္ဈတ္တဝယ်
ဉာဏစက္ခု မျှော်ထောက်ရှုလျှက်
ယခုပင်လျှင် သမ္ပဇဉ်ဖြင့်
သိထင်မြင်အောင် တွင်တွင်ကြိုးကုတ်
အားထုတ်တော်မူကြကုန်ပြီး၍ သဒါ နေ့နေ့ညည
ခပ်သိမ်းသောကာလတို့၌ အပ္ပမတ္တာ အပ္ပမာဒ
သတိတရားလက်ကိုင်ထားကြကုန်သည် ( ဝါ )
အပ္ပမတ္တာ ဒါန သီလ ဘာဝနာ အစဖြာသည့်
ကုသိုလ်ဆယ်ခု မြတ်ကောင်းမှု၌
ကရုကတ ကြိုးလုံ့လသား အပ္ပမာဒသတိတရား
လက်ကိုင်ထားကြကုန်သည် ( ဝါ )
အပ္ပမတ္တာ ရှုဆင်ခြင်ဆဲ အချိန်မှာလည်း အိုလဲအိုနေ၏
မမျှော်လင့်ဘဲ ဗြုန်းကနဲ ရောက်စွဲ နာဗျာဓိ
မမျှော်လင့်ဘဲ ဗြုန်းကနဲ ဖောက်လွှဲသေနိုင်၏ ဟု
သတိလှိုက်လှဲ စိတ်ဝယ်စွဲကြကုန်သည်
ဟောထ ဖြစ်ကြပါကုန်လော့။
နော တဏှာမာရ်ညွှတ် ခန္ဓာဝဋ်မှ
လွတ်ရန်ရည်ထွေ တို့တတွေအား
မစ္စုသင်္ကရံ မစ္စုမည်လျှင်း ရှင်သေမင်းနှင့်
နှစ်ဦးနှစ်ဖက် ချိန်းအချက်ဖြင့်
ဤရက်ခါမူ သေအံ့ဟူ၍ ဤလခါမူ သေအံ့ဟူ၍
ဤနှစ်ခါမူ သေအံ့ဟူ၍ သဘောတူ ချိတ်ဆက်
ထားကြရခြင်းသည် နတ္ထိ မရှိဧကန် လူတိုင်း
မှန်လှပါပေ၏။ တသ္မာ ထို့ကြောင့်
သကိစ္စံ ခုဝတ္တမာန် ပစ္စုပ္ပန်နှင့် တမလွန်
နောက်နှောင်း တောက်လျှောက်ကောင်းအောင်
ရွယ်ကြောင်းဆုပန် စိတ်ရည်သန်သည့်
နှစ်တန်သော လောကဓမ္မ စီးပွား
ကိုယ့်ကိစ္စများကို အနုယုဉ္ဇဝှေါ ယခုပင်လျှင်
မအိုခင်က ယခုပင်လျှင် မနာခင်က
ယခုပင်လျှင် မသေခင်က တွင်တွင်ကြိုးကုတ်
အားထုတ်တော်မူကြကုန်ရာသတည်း။
ကျေးဇူးတော်ရှင် မင်းကွန်း တိပိဋက ဆရာတော်ကြီး
No comments:
Post a Comment