ဘဝ သောတံ သစေ ဗုဒ္ဓေါ တိဏ္ဏော လောကန္တဂူ
ဝိဒူ ဧ တေန သစ္စ ဝဇ္ဇေန ဒုက္ခာ မုစ္စန္တု ပါဏိနော ။
မြတ်စွာဘုရားသည် ဘဝရေအယဉ်ကို ကူးမြောက်
ပြီးဖြစ်၍ လောက၏ အဆုံးသို့ရောက်လျက်
လောကကိုသိသောပုဂ္ဂိုလ်သည်အကယ်၍ ဖြစ်အံ့
ဤကဲ့သို့ ဖြစ်သည်ရှိသော် ဤမှန်သော သစ္စာ
စကားကိုဆိုခြင်းကြောင့် သတ္တဝါအားလုံးတို့သည်
ဆင်းရဲ ဒုက္ခအပေါင်းမှ ကင်းဝေးလွတ်မြောက်
နိုင်ကြပါစေ ကုန်သတည်း။
ယဒိ သန္တိ ဂမော မဂ္ဂေါ မောက္ခော စစ္စန္တိကံ သုခံ။
ဧ တေန သစ္စ ဝဇ္ဇေန ဒုက္ခာ မုစ္စန္တု ပါဏိနော ။
မဂ်သည် နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်၍ နိဗ္ဗာန်
သည်လည်း ဧကန်စစ်စစ် ချမ်းသာသောတရားသည်
အကယ်၍ ဖြစ်အံ့ ဤကဲ့သို့ ဖြစ်သည်ရှိသော်
ဤမှန်သော သစ္စာစကားကို ဆိုခြင်းကြောင့်
သတ္တဝါအားလုံးတို့သည် ဆင်းရဲဒုက္ခ အပေါင်းမှ
ကင်းဝေးလွတ်မြောက် နိုင်ကြပါစေကုန်သတည်း။
သံဃော စေ တိဏ္ဏ ကန္တာရော ပုညက္ခေတ္တော
အနုတ္တရော ။ ဧ တေန သစ္စ ဝဇ္ဇေန ဒုက္ခာ မုစ္စန္တု
ပါဏိနော ။
သံဃာတော်သည် သံသရာ ခရီးခဲကို ကူးမြောက်
ပြီးဖြစ်၍ အတုမရှိသော ကုသိုလ်မျိုးစေ့ကို
စိုက်ပျိုးရာ လယ်ယာမြေကောင်းသဖွယ်
အကယ်၍ ဖြစ်အံ့ ဤကဲ့သို့ ဖြစ်သည်ရှိသော်
ဤမှန်သော သစ္စာစကားကို ဆိုခြင်းကြောင့်
သတ္တဝါ အားလုံးတို့သည် ဆင်းရဲဒုက္ခ အပေါင်းမှ
ကင်းဝေး လွတ်မြောက်နိုင်ကြပါစေ ကုန်သတည်း။
No comments:
Post a Comment